Connect with us

Science & Technology

တောင်တရုတ်ပင်လယ်တွင် ပင်လယ်ရေအောက် စူးစမ်းလေ့လာမှုများပြုလုပ်မည့် တရုတ်ရေငုပ်သင်္ဘောငယ် ရေချ

တရုတ်နိုင်ငံထုတ် ရေအောက်တိုင်းတာရေး နှင့် သဘာဝပတ်ဝန်းကျင်လေ့လာရေး ရေငုပ်သင်္ဘောငယ် Jiaolong အား မေ ၆ ရက်တွင် ရေချနေစဉ် (ဆင်ဟွာ)

ABOARD SHIP XIANGYANGHONG 09 ၊ မေ ၈ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်တွင် နောက်ကျိနေသော ပင်လယ်ရေစီးကြောင်းအောက် စူးစမ်းလေ့လာမှုများပြုလုပ်ပေးမည့် တရုတ်နိုင်ငံ၏ လူလိုက်ပါစီးနင်းနိုင်သည့် ရေငုပ်သင်္ဘောငယ် Jiaolong ကို မေလ ၆ ရက်က ရေချခဲ့ကြောင်း သိရသည်။

အဆိုပါ Jiaolong ရေငုပ်သင်္ဘောငယ် သည် ၃၈ ကြိမ်မြောက် ပင်လယ်သမုဒ္ဒရာ သိပ္ပံပညာဆိုင်ရာ စူးစမ်းလေ့လာမှု ဒုတိယအဆင့်အဖြစ် ၇ ကြိမ် ရေငုပ်ခဲ့စဉ်အတွင်း ပင်လယ်ရေပြင်အောက် အများဆုံး အနက် ၂၉၈ဝ မီတာတွင် ကြာချိန် ၉ နာရီ ၅၄ မိနစ်ထိ လှည့်လည် မောင်းနှင်ခဲ့ကြောင်း သိရသည်။

မေလ ၆ ရက်က ရေချခဲ့သော Jiaolong ရေငုပ်သင်္ဘောပေါ်တွင် သင်္ဘောသား ၃ ဦးလိုက်ပါသွားပြီး ၎င်းတို့သည် ပင်လယ်ရေအောက်တိုင်းတာခြင်းများ ၊ အသံလှိုင်းဖမ်းယူခြင်း နှင့် သဘာဝပတ်ဝန်းကျင် လေ့လာခြင်းများကို ပြုလုပ်ကြမည်ဖြစ်သည်။ထို့ပြင် နုန်းအနည်အနှစ် နှင့် ပင်လယ်ရေ နမူနာများကို ယူဆောင်ပေးခြင်း ၊ ပင်လယ်ရေအောက်မြင်ကွင်းဓာတ်ပုံ များ နှင့် ဗီဒီယို ဖိုင်များကို အရည်အသွေးမြင့် HD ပုံရိပ်များ ရိုက်ကူးပေးခြင်းတို့လည်း လုပ်ဆောင်ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပင်လယ်သမုဒ္ဒရာဆိုင်ရာ Ocean တက္ကသိုလ်မှ ပါမောက္ခ Xu Jingping က တရုတ်နိုင်ငံအနေဖြင့် နောက်ကျိနေသော ပင်လယ်ရေစီးကြောင်းအောက် မောင်းနှင်နိုင်သည့် ရေငုပ်သင်္ဘောဖြင့် ဆွဲငင်အား နှင့် ရွေ့ရှားမှုဆိုင်ရာ သဘာဝသိပ္ပံပညာရပ်တွင် အဓိကစိမ်ခေါ်မှုတစ်ခုကို သိရှိနိုင်ရန် သုတေသန လုပ်ငန်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ရေငုပ်သင်္ဘောဟာ အရှေ့မြောက် တောင်တရုတ်ပင်လယ်ပြင်က နောက်ကျိပင်လယ်ရေစီးကြောင်းတွေရဲ့ နုန်းအနည်အနှစ်တွေ နဲ့ပင်လယ်ရေအောက်မြေပြင်ပုံရိပ် သက်သေအထောက်အထားတွေကို စုဆောင်းပေးဖို့ ကျနော်တို့ကို အကူအညီပေးမှာပါ ။ အဲဒီဒေသမှာရှိတဲ့ သိပ္ပံပညာရှင်တွေ အတွက် ပေါ်ကြွယ်လှတဲ့ သဘာဝအရင်းအမြစ်တွေ ၊ အဓိကအချက်အလက်တွေ ကို စုဆောင်းပေးမှာဖြစ်သလို အနာဂတ်သုတေသနလုပ်ငန်းတွေအတွက်လည်း နည်းပညာဆိုင်ရာ ထောက်ပံ့မှုတွေကိုလည်း ပေးနိုင်မှာဖြစ်ပါတယ် ” ဟု Xu က ပြောကြားခဲ့သည်။(Xinhua)