Connect with us

Politics

မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် မြေဆီလွှာသုတေသနစီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

“မဲခေါင်မြစ်ဝှမ်းဒေသ စိုက်ပျိုးမြေဆီလွှာ အရည်အသွေး စိစစ်အကဲဖြတ်ခြင်း” ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေးကျင်းပခဲ့သည့် (၁၀) နှစ်ပြည့်အခါသမယတွင်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “မဲခေါင်မြစ်ဝှမ်းဒေသ စိုက်ပျိုးမြေဆီလွှာ အရည်အသွေး စိစစ်အကဲဖြတ်ခြင်း” ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ အစရှိသဖြင့် လူပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ စိုက်ပျိုးမြေဆီလွှာနှင့် ပတ်သက်သော မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးမှုများ၊ နည်းပညာပိုင်းဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ၏ မြေဆီလွှာသုတေသန အဆင့်အတန်းမြှင့်တင်ရေး၊ စိုက်ပျိုးရေး နည်းပညာအသစ်များ ဖော်ဆောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးတို့ကို ဖော်ဆောင်နိုင်ရန် အားပေးထောက်ပံ့ သွားမည်ဖြစ်ကြောင်း သံအမတ်ကြီး Ms. Ma Jia က ပြောသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို နောင်လာမည့် (၁၀) နှစ်တာကာလတွင်လည်း ပို၍ကောင်းမွန်သော အကျိုးရလဒ်ကောင်းများ ရရှိစေရန်အတွက် အဖွဲ့အစည်းဘက်အသီးသီးတို့မှ အတူတကွ ကြိုးပမ်းတွန်းအားပေးကြရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

ယင်း သုတေသန စီမံကိန်းမှာ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးပွားစေရန်နှင့် တောင်သူ လယ်သမားများ ဝင်ငွေပိုမိုတိုးပွားလာစေရန် အထောက်အကူပြုပြီး အစိမ်းရောင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းစီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့လူနေမှုဘဝမြှင့်တင်ခြင်းဆိုင်ရာ ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးအထူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် သိပ္ပံနှင့် နည်းပညာပူးပေါင်းလုပ်ဆောင်မှုများကို ထပ်ဆင့် မြှင့်တင်ဖော်ဆောင်သွားကြရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။ (Xinhua)

“မဲခေါင်မြစ်ဝှမ်းဒေသ စိုက်ပျိုးမြေဆီလွှာ အရည်အသွေး စိစစ်အကဲဖြတ်ခြင်း” ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.