Connect with us

Asia

အပြန်အလှန်ကူညီခြင်းက နှစ်နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေကြောင်း ဗီယက်နမ်သမ္မတ က ဆင်ဟွာဥက္ကဋ္ဌ အား ပြောကြားခဲ့

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် (ဝဲ) နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang (ယာ) တို့ မေလ ၂၄ ရက်က လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang က ဗီယက်နမ်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့၏ အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံလုံးအတွက် အခွင့်အလမ်းကောင်းများဖြစ်၍ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် လေ့လာ သင်ယူပြီး ကူညီသွားသင့်ကြောင်း ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် နှင့် တွေ့ဆုံစဉ် မေလ ၂၄ ၇က်က ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် သွားရောက် လည်ပတ်မှုများက ဘက်စုံမဟာဗျုဟာမြောက်မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ခိုင်မာလာစေသည့် အထွေထွေသဘောတူညီချက်များ ရရှိခဲ့ကြောင်း နှင့် ၎င်းသည်လည်း တရုတ်နိုင်ငံသို့ လာရောက်ကာ ပေကျင်းတွင် ကျင်းပခဲ့သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်ခဲ့ကြောင်း Quang က ပြောကြားခဲ့သည်။

ထို့ပြင် ချိုက်သည် ဗီယက်နမ်သတင်းဋ္ဌာန (VNA) ၏ အထွေထွေညွှန်ကြားရေးမှူး Nguyen Duc Loi နှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ပြီး သတင်းဋ္ဌာန ၂ခု ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ကို လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်သွားရန် ကတိပြုခဲ့ကြသေးသည်။

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် (ယာ) နှင့် ဗီယက်နမ်သတင်းဋ္ဌာန (VNA) ၏ အထွေထွေညွှန်ကြားရေးမှူး Nguyen Duc Loi (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ Quang က ဆင်ဟွာသတင်းဋ္ဌာန နှင့် ဗီယက်နမ်သတင်းဋ္ဌာန (VNA) တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို ကြိုဆိုပါကြောင်း၊ သတင်းဋ္ဌာနနှစ်ခုသည် နှစ်နိုင်ငံအကြား သတင်းမီဒီယာ လုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ၂၀၁၇ခုနှစ် နှောင်းပိုင်းတွင် APEC ထိပ်သီးညီလာခံ ကို ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ရာ ဆင်ဟွာသတင်းဋ္ဌာနအနေဖြင့် ညီလာခံသို့ လာရောက်သတင်းယူပြီး ညီလာခံ၏ အောင်မြင်မှုကို ထောက်ပံ့ပေးလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ချိုက်က ဆင်ဟွာ နှင့် ဗီယက်နမ်သတင်းဋ္ဌာန တို့သည် သက်ဆိုင်ရာ နိုင်ငံများ ၏ အဓိက အရေးပါဆုံးသော သတင်းဋ္ဌာနများအနက် တစ်ခုစီဖြစ်ရာ ယင်းသတင်းဋ္ဌာနတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးလက်လာစေရန် သင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.