Connect with us

Europe

နယူးဇီလန်အစိုးရက ဆိုင်ကလုန်းမုန်တိုင်း၏ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် အရေးပေါ်အခြေအနေကြေညာ

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တွင် ပြိုလဲနေသော သစ်ပင်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အော့ကလန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဆိုက်ကလုန်းမုန်တိုင်း Gabriell ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် နယူးဇီလန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။တစ်ချိန်တည်းတွင်ပင် နယူးဇီလန်အစိုးရက “ဒါဟာ မကြုံစဖူးအန္တရာယ်များတဲ့ ရာသီဥတုဘေးအန္တရာယ် ဖြစ်တယ်”ဟု သတိပေးပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ယာယီတဲစခန်းများထားရှိကာ ဒေသခံပြည်သူများအတွက် သဲအိတ်များ ပံ့ပိုးပေးနေသလို နေရာအများအပြားတွင် ကယ်ဆယ်ရေးစခန်းစီစဉ်ထားပြီးဖြစ်ကြောင်းနှင့် မလိုအပ်ပါက အပြင်သို့မထွက်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ ရေဝပ်သောနေရာတွင် လှေလှော်သွားနေရသော အမျိုးသားတစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Gabriellမုန်တိုင်းက နယူးဇီလန်၏အခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးစေခဲ့သလို နိုင်ငံ့စီးပွားရေးကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် Chris Hipkinsက ဖေဖော်ဝါရီ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ ရေဝပ်သောနေရာတွင် အမျိုးသားတစ်ဦးရပ်နေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ Gabriell မုန်တိုင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က နယူးဇီလန် မြောက်ဘက်စွန်းကျွန်းမှ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့၏ မြောက်ဘက်ကျွန်းဒေသအများပြားကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယင်းဒေသများတွင် လျှပ်စစ်ဓါတ်အားနှင့်လမ်းပန်းအဆက်အသွယ်များ ပြတ်တောက်ခဲ့ရာ အော့ကလန်မြို့အပါအဝင် ဒေသ ၆ ခုသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဒေသအရေးပေါ်အခြေအနေဖြစ်ခဲ့ပြီး လေယာဉ်ရေယာဉ် သယ်ယူပို့ဆောင်မှု၊ မီးရထားနှင့်ဘတ်စ်ကားသယ်ယူပို့ဆောင်မှုများကို ရပ်ဆိုင်းခဲ့သလို ကျောင်းများပိတ်ထားခဲ့ရကြောင်း သိရသည်။
အရှေ့တောင်ဘက်သို့ ဆိုင်ကလုန်းမုန်တိုင်း ရွှေ့လျားခြင်းနှင့်အတူ မြို့တော် ဝယ်လင်တန်နှင့်တောင်ဘက်ကျွန်းတို့ကို သက်ရောက်မှု ရှိလာနိုင်ကြောင်း နယူးဇီလန် မိုးဇလဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ခန့်မှန်းထားသည်။ (Xinhua)

—————————————
新西兰政府宣布进入国家紧急状态应对飓风灾害
新华社新西兰奥克兰2月14日电(记者郭磊 卢怀谦)新西兰政府14日宣布进入国家紧急状态,以应对飓风“加布丽埃尔”造成的严重灾害。
新西兰政府同时警告说,“这是一次空前危险的气象灾害”。政府已开设多个临时沙场为居民提供沙袋,安排了多处临时避难中心,同时呼吁居民非必要不出行。
新西兰总理希普金斯14日在新闻发布会上说,“加布丽埃尔”已对新西兰基础设施造成损害,同时给国家经济带来严重影响。
据当地媒体报道,“加布丽埃尔”13日从新西兰北岛最北端登陆,已袭击最大城市奥克兰在内的北岛大部分地区。强风和暴雨造成当地大面积供电中断、道路阻断。包括奥克兰在内的6个地区于13日进入地区紧急状态,航班渡轮停航,地铁公交停运,学校停课。
新西兰气象部门14日预计,随着飓风向东南方向移动,未来将对首都惠灵顿和南岛产生影响。(完)
1.这是2月14日在新西兰奥克兰拍摄的受损树木。新华社发(赵纲摄)
2. 2月14日,在新西兰奥克兰,一名男子在积水路段划船出行。新华社发(赵纲摄)
3.2月14日,在新西兰奥克兰,一名男子站在积水中。 新华社发(赵纲摄)