Connect with us

Media

တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အရှိန်မြင့်လာ

ဖိန်ရှန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဖိန်ရှန်မြို့ရှိ ရိုရိကွမ်းနယ်စပ်ဂိတ်၌ ဒူးရင်းသီး ၊ သရက်သီး ၊ အနီရောင် နဂါးမောက်သီး ကဲ့သို့သော ဗီယက်နမ်သီးနှံများ သယ်ဆောင်လာသည့် ကုန်တင်ကားများ စီတန်းလျက် ရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ အနီရောင် နဂါးမောက်သီး သေတ္တာ ၁,၃၇၂ လုံး တင်သွင်းသည့် ကုန်သည် Fan Qihua က နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအလားအလာနှင့် ပတ်သက်၍ ၎င်းအနေဖြင့် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ဖိန်ရှန်ဂိတ်၌ ဝင်ထွက်သွားလာသည့်ယာဉ်အစီးရေမှာ ၈၈,၄၀၀ ထိ ရှိလာခဲ့ကြောင်း သိရသည်။
သွင်းကုန် ၊ ပို့ကုန် ပြည်ပကုန်သွယ်မှုသည် ယွမ် ၂၂.၈၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့်)အထိ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၈၃.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China-Vietnam cross-border trade accelerating
At the Youyiguan border gate in Pingxiang of China’s Guangxi, trucks are lining up, carrying Vietnamese fruits such as durian, mangoes and red dragon fruit.
Fan Qihua, a consignor who has imported 1,372 boxes of red dragon fruit from Vietnam, said he is confident about the prospect of cross-border trading.
From January to February this year, inbound and outbound vehicles at Pingxiang Port reached 88,400.
Foreign trade import and export amounted to 22.87 billion yuan (about 3.3 billion U.S. dollars), up 83.16% year-on-year.
Xinhua News Agency correspondents reporting from Pingxiang, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.