China
BYD က ၂၀၂၂ ခုနှစ်တွင် အသားတင်အမြတ်များတိုးလာကြောင်းထုတ်ပြန်
ဆန်းကျန့်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ဦးဆောင်ထုတ်လုပ်သော BYD Company Limited က၂၀၂၂ ခုနှစ်တွင် ၀င်ငွေနှင့် အသားတင်အမြတ်များ နှစ်ခုစလုံး မြင့်တက်လာကြောင်း မတ် ၂၈ ရက်က ထုတ်ပြန်သောအစီရင်ခံစာ အရ သိရသည်။
၎င်း၏ အသားတင်အမြတ်ငွေမှာ ယွမ် ၁၆.၆၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံခန့်) ရှိပြီး ယမန်နှစ်ကထက် ၄၄၅.၈၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။
၎င်းကုမ္ပဏီ၏ ၀င်ငွေမှာ ယမန်နှစ်တွင် ယွမ် ၄၂၄ ဘီလီယံ ရှိသောကြောင့် အကြမ်းအားဖြင့် ၉၆.၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
မော်တော်ကားနှင့် မော်တော်ကား ထုတ်ကုန်များ ရောင်းချမှုမှာ ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ကထက် အားကောင်းလာခဲ့ပြီး ၀င်ငွေများ သိသာထင်ရှားစွာ တိုးတက်မှုကိုမြင်တွေ့ခဲ့ရကြောင်း ကုမ္ပဏီ၏ အစီရင်ခံစာအရ သိရသည်။
BYD အမှတ်တံဆိပ် သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ NEV ရောင်းချမှု ပထမအဆင့်တွင် ရပ်တည်ခဲ့သည်။ ကုမ္ပဏီက ယမန်နှစ်တွင် ပြည်တွင်း NEV စျေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းရှိကာ ၂၀၂၁ ခုနှစ်မှစတင်၍ ပွိုင့် ၁၀ ရာခိုင်နှုန်းနီးပါးအထိ တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်တွင် BYD အမှတ်တံဆိပ် သည် ဩစတေးလျ၊ ဂျပန်နှင့် ဘရာဇီးတို့ကဲ့သို့ လျှပ်စစ်ခရီးသည်တင်ကားအသစ်များတင်ပို့၍ ဈေးကွက်ထိုးဖောက်ခြင်းဖြင့် ၎င်း၏ပြည်ပဈေးကွက်များချဲ့ထွင်မှုကို အရှိန်မြှင့်ခဲ့သည်။ (Xinhua)
………………………………………
(English Version)
BYD reports surging net profits in 2022
SHENZHEN, March 28 (Xinhua) — China’s leading new energy vehicle (NEV) manufacturer BYD Company Limited on Tuesday reported surges in both revenue and net profits in 2022.
Its net profits stood at 16.62 billion yuan (about 2.4 billion U.S. dollars), up 445.86 percent year on year, according to the company’s annual report.
Its revenue soared 96.2 percent to roughly 424 billion yuan last year.
Sales of automobiles and auto products saw strong year-on-year growth in 2022, driving a significant improvement in earnings, according to the company.
The report said BYD ranked first in global NEV sales in 2022. The company had a domestic NEV market share of 27 percent last year, up nearly 10 percentage points from 2021.
In 2022, BYD accelerated the development of its overseas markets, with its new energy passenger cars entering markets like Australia, Japan and Brazil. ■
(3) Visitors look at a BYD Dolphin during the 44th Bangkok International Motor Show in Bangkok, Thailand, March 22, 2023. (Xinhua/Wang Teng)