Media
ရေနေသတ္တဝါ အရင်းအမြစ်များကို ကာကွယ်ရန် ၃ လကြာ ငါးမဖမ်းရ ရာသီသတ်မှတ်
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
မြန်မာ့ပင်လယ်ပြင်တွင် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၃ လကြာ ငါးမဖမ်းရ ရာသီသတ်မှတ်ထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက မတ် ၃၀ ရက်တွင် ဆင်ဟွာသို့ ပြောသည်။ ငါးသားပေါက်သည့်ရာသီတွင် ငါးဖမ်းခြင်းကို တားမြစ်ခြင်းအားဖြင့် ရေနေသတ္တဝါ အရင်းအမြစ်များကို ကာကွယ်ရန် ရည်ရွယ်ပြီး အလွန်အကျွံငါးဖမ်းခြင်းက ရေသယံဇာတအရင်းအမြစ်များကို ခြိမ်းခြောက်နိုင်ကြောင်း သိရသည်။ (Xinhua)
#ငါးဖမ်းခြင်းတားမြစ် #ဦးလှထွန်း #FishingBan #UHlaTun