Connect with us

China

တရုတ်နိုင်ငံ karst မြေပြင်အနေအထား၌ အမြင့်ဆုံးသစ်ပင်ကို သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချုံးကျော်မြို့ ရှိ karst မြေပြင်အနေအထား ၌ အမြင့်ဆုံးကြီးထွားလာသည့် Parashorea chinensis အပင်ကို ၂၀၂၃ ခုနှစ်၊ မတ် ၁၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ karst မြေပြင်အနေအထားတွင် အမြင့်ဆုံးကြီးထွားလာသော ၇၂.၄ မီတာအမြင့်ရှိသည့် သစ်ပင်ကို တရုတ်သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ Parashorea chinensis သစ်ပင်ကို နင်မင်ခရိုင်တွင် မတ်လကပြုလုပ်သော သိပ္ပံလေ့လာရေး ခရီးတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ကွမ်ရှီး(ကျွမ့်) သစ်တောဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

Parashorea chinensis အပင်သည် မြင့်မားသော အမြဲစိမ်းသစ်ပင်နှင့် အထင်ကရ မိုးသစ်တောမိုးမျိုးစိတ်တစ်မျိုးဖြစ်သည်။ တရုတ်နိုင်ငံတွင် ယင်းအပင်ကို နိုင်ငံ့ထိပ်တန်းထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ထားရှိကြောင်း သိရသည်။

လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းမှ ကာကွယ်ထားသော မြေပြင်အနေအထားကြောင့် ထိုသစ်ပင်မှာ ပိုမို မြင့်မားကြီးထွားလာနိုင်သည်ဟု သုတေသန ပညာရှင်များက မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Researchers find tallest tree in China’s karst landscape
Chinese scientists have identified a 72.4-meter-tall tree in south China’s Guangxi Zhuang Autonomous Region as the tallest growing in the country’s karst landscape.
The tree, a Parashorea chinensis, was found in March during a scientific expedition in Ningming County, according to the forestry department of Guangxi.
Parashorea chinensis is a tall evergreen tree and an iconic rainforest species. It is placed under top state protection in China.
Researchers expect the tree to further grow in height as the closed terrain offers protection from strong winds and lightning strikes. ■
(1)This photo taken on March 15, 2023 shows a Parashorea chinensis, identified as the tallest growing tree in China’s karst landscape, in Chongzuo, south China’s Guangxi Zhuang Autonomous Region. (Photo by Zeng Jimou/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.