China
တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန် Summer Davos Forum သို့ တက်ရောက်မည်
ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဇွန်လ ၂၇ ရက်မှာ ထျန်ကျင်းမြို့၌ ကျင်းပမည့် Summer Davos Forum ၏ ၁၄ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် လီက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab ၊ အခြားဂုဏ်သရေရှိလူကြီးများ၊ ကမ္ဘာ့စီးပွားရေးဖိုရမ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်မှာ “စီးပွားရေးစွမ်းဆောင်မှုဆိုသည်မှာ – ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အား” ဟူ၍ဖြစ်သည်။
အဆိုပါနှစ်ပတ်လည်အစည်းအဝေးသို့ ဘာဘေးဒိုးစ်နိုင်ငံဝန်ကြီးချုပ် Mia Amor Mottley၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene၊ နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Chris Hipkins၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinhနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala တို့ တက်ရောက်မည်ဖြစ်ကြောင်း မော်ကဆိုသည်။
ထို့ပြင် လီ ၏ ဖိတ်ကြားချက်အရ ဘာဘေးဒိုးစ်၊ မွန်ဂိုလီးယား၊ နယူးဇီလန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များသည် နှစ်ပတ်လည်အစည်းအဝေး၏အစီအစဉ်အတိုင်း တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လာရောက်မည် ဖြစ်ကြောင်း မော်ကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(English Version)
Chinese premier to attend Summer Davos Forum
BEIJING, June 20 (Xinhua) — Chinese Premier Li Qiang will attend the 14th Annual Meeting of the New Champions, also known as the Summer Davos Forum, in Tianjin on June 27, Foreign Ministry Spokesperson Mao Ning announced on Tuesday.
Premier Li will attend the opening ceremony, deliver a keynote speech, meet with Executive Chairman Klaus Schwab of the World Economic Forum and other foreign dignitaries, as well as World Economic Forum global business leaders.
The theme of this year’s annual meeting is “Entrepreneurship: The Driving Force of the Global Economy.”
Prime Minister of Barbados Mia Amor Mottley, Prime Minister of Mongolia Luvsannamsrai Oyun-Erdene, Prime Minister of New Zealand Chris Hipkins, Prime Minister of Vietnam Pham Minh Chinh and Director-General of the World Trade Organization Ngozi Okonjo-Iweala will attend the annual meeting, Mao said.
At the invitation of Li, prime ministers of Barbados, Mongolia, New Zealand and Vietnam will pay an official visit to China on the margins of the annual meeting, Mao added. ■