Connect with us

Videos

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့သည် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconcialiation and Peace Center-NRPC) ၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှု ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံနှင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေများအား နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး သဘောတူညီချက်များသည် ပြည်ထောင်စုသဘောတူစာချုပ် (Union Peace Accord) ၏ အစိတ်အပိုင်း ဖြစ်ပြီး မြန်မာပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများ ဖြစ်လာမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းပြောကြားခဲ့သည်။အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အပြစ်မဲ့အရပ်သား အများအပြား သေဆုံးနေမှုသည် အစွန်းရောက်တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး အဆိုပါနေရာတွင် အကြမ်းဖက်လှုပ်ရှားမှုမြင့်တက်လာကြောင်း ၊ ရခိုင်ပြည်နယ် အရေးကိစ္စ၏ ရှုပ်ထွေးနက်နဲသည့်သဘော သဘာဝ နှင့် ယင်းအရေးကိစ္စကို ဖြေရှင်းရာတွင် နိုင်ငံတော် အစိုးရ၏ ရေတို၊ ရေရှည် အစီအစဉ်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများကို ဦးသောင်းထွန်းကရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.