Africa & Middle East
မဒါဂတ်စကာ နိုင်ငံ တွင် ယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့ရာ ၂၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ
အန်ဒါနာနာရွီဗို ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ
)
မဒါဂတ်စကာ နိုင်ငံ လမ်းပန်းဆက်သွယ်ရေးဌာန ဝန်ကြီး က သြဂုတ်လ ၁ ရက်နေ့၌ မီဒီယာ များအား ပြောကြားရာတွင် မဒါဂတ်စကာ နိုင်ငံ မြို့တော် အန်ဒါနာနာရွီဗို အနောက်မြောက်ပိုင်း ကီလိုမီတာ ၇၀ အကွာရှိ နေရာ တွင် ဆိုးရွားသည့် ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၂၃ ဦး သေဆုံး ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
မဒါဂတ်စကာ နိုင်ငံပိုင် ရုပ်သံလိုင်း ၏ သတင်းထုတ်ပြန်ချက်အရ ယာဉ်မတော်တဆမှု သည် သြဂုတ်လ ၁ ရက် နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားစဉ် ယာဉ်ပေါ်၌ ခရီးသည် ၁၄၀ ဦး လိုက်ပါခဲ့ကြကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက် ကျန်ရစ်သူ တစ်ဦး က ကားသည် တောင်ကုန်းပေါ်သို့ တက်နေစဉ် အတွင်း အရှိန်မထိန်းနိုင်တော့ဘဲ အနက် ၄၀ မီတာ ရှိ ချောက်ထဲသို့ ပြုတ်ကျ ခဲ့ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိရသည်။
လက်ရှိချိန်တွင် ဒဏ်ရာရရှိသူ များကို အနီးပတ်ဝန်းကျင် ရှိ ဆေးရုံ များသို့ ပို့ဆောင်ပေး ခဲ့ပြီး ဆေးဝါး ကုသမှု ခံယူနေကြကြောင်း ၊ ဆေးရုံးရှိ အမည်မဖော်လိုသူတစ်ဦး က ဒဏ်ရာရရှိသူများသည် ဒဏ်ရာအလွန်ပြင်းထန် သဖြင့် သေဆုံးသူ စာရင်းသည် ဆက်လက်၍ မြင့်တက်လာ နိုင်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလပိုင်း တွင် လူအပြည့်တင်ဆောင်လာသော ကားတစ်စင်း သည် မဒါဂတ်စကာ နိုင်ငံ အလယ်ပိုင်းတွင် မြစ်အတွင်းသို့ ထိုးကျသွားခဲ့ပြီး လူပေါင်း ၄၅ ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)