Connect with us

Asia

ဘင်္ဂလားဒေ့ရှ် တင်ပါးဆုံချင်းဆက် အမြွှာကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

ဘင်္ဂလားဒေ့ရှိနိုင်ငံက တင်ပါးဆုံချင်းဆက် အမြွှာအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အသက် ကိုးလအရွယ် တင်ပါးဆုံချင်းဆက်အမြွှာ ညီအစ်မအား သြဂုတ်လ ၁ ရက်က အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း သိရသည်။

ခွဲစိတ်မှု ကြာမြင့်ချိန် ၈နာရီရှိခဲ့ကြောင်းနှင့် ခွဲစိတ်မှုမှာ ၉၀ ရာခိုင်နှုန်း အောင်မြင်မှုရှိကြောင်း ဒါကာ ဆေးဘက်ဆိုင်ရာ ကောလိပ်နှင့် ဆေးရုံ ကလေး ခွဲစိတ်ဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခ Ul Huq က ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီခန့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

တိုဖာ (Tofa) နှင့် တိုဟူရာ (Tohura) အမြွှာညီအစ်မကို သြဂုတ်လ ၁ ရက် ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီ အချိန်၌ ခွဲစိတ်မှု စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် တင်ပါးဆုံရိုးနှင့် ကျောရိုး အောက်ပိုင်း ကျောချင်းကပ်နေသည့် တွေ့ရခဲသော အမြွှာများဖြစ်ကြောင်း သိရသည်။

“အမြွှာလေးတွေရဲ့ တင်ပါးဆုံရိုး၊ ကျောရိုး၊ ဆီးလမ်းကြောင်းနဲ့ စအိုတွေကို အောင်မြင်စွာ သီးခြား ခွဲစိတ်နိုင်ခဲ့တယ်” ဟု Huq က ပြောသည်။

ထို အမြွှာ ညီအစ်မအား ခွဲစိတ်ရာတွင် Anaesthesi, Burn and Palstic Surgery, Orthopedics, Neurosurgery, Urology, Radiology and Imaging စသည့် ဒါကာ ဆေးဘက်ဆိုင်ရာ ကောလိပ်နှင့် ဆေးရုံများမှ အနည်းဆုံး ခွဲစိတ်ဆရာဝန် ၁၆ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

“အရေးကြီးတဲ့ အစိတ်အပိုင်းကို ဒုတိယအကြိမ် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ရလဒ် ကောင်းခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူပါတယ်” ဟု Huq က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.