Connect with us

Asia

ဆီးဂိမ်းပြိုင်ပွဲတွင် အနည်းဆုံး ရွှေတံဆိပ် ၈ ခုရယူရန် ဗီယက်နမ်ထိပ်တန်းရေကူးသမား ရည်မှန်းထား

အရှေ့ တောင်အာရှ ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ရည်မှန်းထားသော ဗီယက်နမ် ရေကူးသမား Nguyen Thi Anh Vien အား စင်ကာပူဆီးဂိမ်းပြိုင်ပွဲ၌ တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း အမျိုးသမီးရေကူးအားကစားသမား Nguyen Thi Anh Vien သည် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၉ ကြိမ်မြောက် (ဆီးဂိမ်း) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အနည်းဆုံး ရွှေတံဆိပ် ၈ ခု ရယူနိုင်ရန် ရည်မှန်းထားကြောင်း ဗီယက်နမ်အားကစားအဖွဲ့ချုပ်က သြဂုတ်လ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဗီယက်နမ်လက်ရွေးစင် ရေကူးအသင်းသည် လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ဝ ခု ဆွတ်ခူးနိုင်ရန် ပစ်မှတ်ထားနေပြီး ရွှေတံဆိပ် ၁၁ ခု မှ ၁၃ ခုကြားထိ တိုးတက်ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Anh Vien သည် ပြီးခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ စံချိန် ၈ ခု ချိုးနိုင်ခဲ့ပြီး ရွှေတံဆိပ် ၈ ခုအထိ ဆွတ်ခူးရယူပေးခဲ့သော ကစားဖော် ဗီယက်နမ်လက်ရွေးစင်အားကစားသမားများဖြစ်သည့် Hoang Quy Phuoc ၊ Nguyen Diep Phuong Tram ၊ Tran Duy Khoi ၊ Lam Quang Nhat တို့နှင့်အတူ ရွှေတံဆိပ်များကို ဆွတ်ခူးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

လာမည့် သြဂုတ်လ ၁၆ ရက်တွင် ပြေးခုန်ပစ် အားကစားသမား ၄ဝဝ ဦးအပါအဝင် အဖွဲ့ဝင် ၆၈၁ ဦးပါဝင်မည့် ဗီယက်နမ်အားကစားသမားများအဖွဲ့သည် မလေးရှားနိုင်ငံသို့သွားရောက်၍ အားကစားနည်း ၃၂ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၊ ၎င်းဒေသတွင်း ပြိုင်ပွဲ၌ ရွှေတံဆိပ် စုစုပေါင်း ၆ဝ ကျော်ထိ ရယူနိုင်ရန် မျှော်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ အားကစား နှင့် ကိုယ်လက်လေ့ကျင့်ခန်း ဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သော ၂ဝ၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ဗီယက်နမ်အသင်းသည် ရွှေတံဆိပ် ၇၃ ခု ၊ ငွေတံဆိပ် ၅၃ ခုနှင့် ကြေးတံဆိပ် ၆ဝ ခုဖြင့် အဆင့် ၃ နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.