Connect with us

Media

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ပြခန်းပြသသူ ၃၀,၀၀၀ ကျော် တက်ရောက်

ကူမင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

သတ္တမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ ဩဂုတ် ၁၆ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငါးရက်ကြာပြုလုပ်မည့် အဆိုပါ ကုန်စည်ပြပွဲသို့ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၅ ခုမှ ပြခန်းပြသသူ၊ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော် ၃၀,၀၀၀ ကျော်က အွန်လိုင်း (online) ရော အော့ဖ်လိုင်း (offline) ဖြင့်ပါ တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

“ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကုန်စည်ပြပွဲတွင် ပြပွဲခန်းမ ၁၅ ခုထားရှိကာ တောင်အာရှပြခန်း၊ အရှေ့တောင်အာရှပြခန်း၊ အရင်းအမြစ်အခြေပြုစီးပွားရေးပြခန်းနှင့် ဆိပ်ကမ်းစီးပွားရေးပြခန်း အပါအဝင် အသွင်အပြင်အမျိုးမျိုးဖြင့် ကျင်းပမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ပထမဆုံး ကုန်စည်ပြပွဲကျင်းပခဲ့ချိန်က တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အောက်သာ ရှိခဲ့သော်လည်း ယမန်နှစ်တွင်မူ အမေရိကန်ဒေါ်လာ ၁၉၇.၄ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်း နှစ်စဉ်တိုးတက်မှုအနေဖြင့် ၈.၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဖေးက ပြောခဲ့သည်။
ကုန်စည်ပြပွဲအတွင်း ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ စီးပွားရေးဖိုရမ်၊ ပညာရှင်များဆွေးနွေးမှုဖိုရမ်နှင့် နည်းပညာကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကွန်ဖရင့်ကဲ့သို့သော အစီအစဉ်အမျိုးမျိုး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထိုကုန်စည်ပြပွဲသည် တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများကြား နိုင်ငံစုံပါဝင်သော သံတမန်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုများအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

…………………………….
(English Version)
Over 30,000 exhibitors attend China-South Asia Expo
KUNMING, Aug. 16 (Xinhua) — The seventh China-South Asia Expo kicked off Wednesday in Kunming, capital city of southwest China’s Yunnan Province.
More than 30,000 exhibitors, representatives and guests from 85 countries and regions, and international organizations, are expected to attend both online and offline activities during the five-day expo.
The expo, themed “Solidarity and Coordination for Common Development,” has set up 15 exhibition halls featuring diverse themes including South Asia Pavilion, Southeast Asia Pavilion, resource-based economy pavilion, and port economy pavilion.
When the first expo was held in 2013, the trade volume between China and South Asian countries amounted to less than 100 billion U.S. dollars, but the figure reached 197.4 billion U.S. dollars last year, with an average annual growth rate of 8.3 percent, according to Vice Minister of Commerce Li Fei.
Various kinds of events such as a cooperation forum, a business forum, a think tank forum, and a technology transfer and innovation cooperation conference will be held during the expo.
The expo has now become an important platform for multilateral diplomacy, economic and trade cooperation, and cultural exchanges between China, South Asian and Southeast Asian countries.