Environment, Disasters & Accidents
မြစ်ရေကြီး နိုင်သည့်အတွက် ရွှေကူမြို့ နယ် နှင့် ဖောင်းပြင်မြို့ နေထိုင်သူများ သတိပြုရန် မိုးဇထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဧရာဝတီ မြစ် နှင့် ချင်းတွင်းမြစ်ရေ တို့ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်သည့် အတွက် ရွှေကူမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေသည် ရွှေကူမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၅)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပါကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)