China
တရုတ်-ထိုင်း နှစ်နိုင်ငံ ရေတပ် “Blue Strike-2023” ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်-ထိုင်း နှစ်နိုင်ငံ ရေတပ် “Blue Strike-2023” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်းပင်လယ်ကွေ့နှင့် Sattahip ခရိုင် ၌ စက်တင်ဘာလဆန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ်လေ့ကျင့်မှုတွင် စနိုက်ပါနည်းဗျူဟာ၊ တောတွင်း အသက်ရှင်နေထိုင်မှု၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်မှု၊ ကုန်းပတ်တွင် ရဟတ်ယာဉ် ဆင်းသက်ခြင်း စသည်တို့ ပါဝင်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ပြောကြားခဲ့သည်။
ယခုအကြိမ်လေ့ကျင့်မှုများက တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးအဆင့်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန်၊ နှစ်နိုင်ငံရေတပ် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ ဒေသတွင်းလုံခြုံရေးခြိမ်းခြောက်မှုများကို အတူရင်ဆိုင်မည့်စွမ်းရည်အား မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………….
(English Version)
China, Thailand to hold “Blue Strike-2023” joint naval training
BEIJING, Aug. 31 (Xinhua) — A Chinese defense spokesperson on Thursday said China and Thailand will hold “Blue Strike-2023” joint naval training in the Gulf of Thailand and Sattahip in early September.
Wu Qian, spokesperson for the Ministry of National Defense, noted the training will cover sniping tactics, jungle survival, maritime search and rescue, and cross-deck helicopter landing.
The training aims to improve training levels and coordination abilities of participating troops, enhance practical cooperation between the two navies, and strengthen their capabilities of jointly addressing regional security threats, said Wu. Enditem
1. Participants from Chinese People’s Liberation Army Navy arrive at the joint naval training site in Thailand, Aug. 31, 2023.