Connect with us

Local

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ပဲတီစိမ်းတန်ချိန် ၂၂၀,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မကျီးတောကျေးရွာရှိ ပဲတီစိမ်းစိုက်ခင်းတစ်ခုတွင် အလုပ်လုပ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမငါးလတာအတွင်း ပဲတီစိမ်း ၂၂၂,၆၀၀ တန်ချိန်ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၄၉ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စင်တင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ငါးလတာအတွင်း ပဲတီစိမ်း တန်ချိန် ၁၇၀,၆၀၀ ကျော်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ပြီး တန်ချိန် ၅၂,၀၀၀ ကျော်ကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နှစ်ကာလတူတွင် ပဲစိမ်းတင်တန်ချိန် ၃၀၈,၃၀၀ တန်ကျော်တင်ပို့နိုင်ခဲ့သောကြောင့် ယခုနှစ် တင်ပို့မှုမှာ ယမန်နှစ်အလားတူကာလကထက် ကျဆင်းသွားခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

ယခု၂၀၂၃ခုနှစ် ဧပြီလ မှ သြဂုတ်လအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၇၂၀,၉၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၈၆ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲနှင့် ပဲမျိုးစုံကို အဓိကအားဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.