Connect with us

Business

မြန်မာနိုင်ငံသည် ၅ လတာကာလအတွင်း စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ဝင်ငွေရရှိ

ရန်ကုန်မြို့ဆိပ်ကမ်းတစ်ခုတွင် ရပ်ထားသော ကုန်သေတ္တာတင်ကားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ၅ လတာကာလ (ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်) အတွင်း မြန်မာနိုင်ငံမှ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၀၈ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၈ရက်၌ ထုတ်ပြန်ခဲ့သည်။

ထိုပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၀၅ ဘီလီယံကျော် ဝင်ငွေရရှိခဲ့သော ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၉၆၂ သန်းကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

စက်မှုကုန်ချောထုတ်ကုန်များသည် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများအနက် အများဆုံးတင်ပို့နိုင်ခဲ့ပြီး ၎င်း၏နောက်တွင် လယ်ယာထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်း များကို တင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယအပါအဝင် ပြည်ပကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၄၈ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117