Europe
အီတလီနိုင်ငံ ကမ်းရိုးတန်း၌ ရွှေ့ပြောင်းနေထိုင်သူ ၁,၁၀၀ ကျော်ကို ကယ်တင်ခဲ့
ရောမ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် ၂၄ နာရီအတွင်း ရွှေ့ပြောင်းနေထိုင်သူနှင့် ဒုက္ခသည်များအပါအဝင် လူပေါင်း ၁,၁၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြထားသည်။
အဆိုပါ လူများကြား အဖော်မပါသော ကလေး ၁၂၁ ဦး ပါဝင်ကြောင်း သိရသည်။ လစ်ဗျား ဆိပ်ကမ်းများ ဖြစ်သည့် ဇူအာရာ နှင့် တာဂျိုအာ ဆိပ်ကမ်းတို့မှ လှေသုံးစင်းဖြင့် ထွက်ခွါလာခဲ့ခြင်းဖြစ်ပြီး
ညအချိန်တွင် လူ ၁၄၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရိုင်နယူးစ် ၂၄ တွင် ဖော်ပြထားသည်။
နောက်ထပ် ၇၉၇ ဦးကိုမူ မြေထဲပင်လယ်တောင်ပိုင်းတွင် ယခင် လှုပ်ရှားဆောင်ရွက်မှုအတွင်း ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သူများမှာ အီဂျစ်၊ ဆီးရီးယားနှင့် ပါလက်စတိုင်း နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားသည်။
ဧပြီ ၆ ရက်က စစ္စလီမြို့ရှိ ဆိပ်ကမ်းသို့ ရွှေ့ပြောင်းနေထိုင်သူများ ဆက်လက်ရောက်ရှိလာကြသည်။
ပင်လယ်ရေကြောင်းနှင့် ရာသီဥတုအခြေအနေများ ပိုမိုကောင်းမွန်လာခြင်းကြောင့် အီတလီတောင်ပိုင်းတွင် မကြာသေးမီရက်ပိုင်းအတွင်း ပင်လယ်ရေကြောင်းမှ ဝင်ရောက်သူ များပြားကြောင်း ယူဆရသည်။
ဧပြီလ ၄ ရက်အထိ အီတလီနိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့် ရောက်ရှိလာသူ ၁၂,၉၉၁ ဦးရှိပြီး ယမန်နှစ် နှင့် နှိုင်းယှဉ်လျှင် ၂၈,၃၄၂ ဦး ကျဆင်းသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ၏ အဆိုအရ ၂၀၂၃ ခုနှစ်အတွင်း အီတလီနိုင်ငံသို့ ရွေ့ပြောင်းနေထိုင်သူ ၁၅၇,၆၆၁ ဦးရှိသည်ဟု မှတ်တမ်းတင်ထားသည်။ (Xinhua)
…………………………………………..
(English Version)
Over 1,100 migrants rescued off Italy’s coasts over 24 hours
ROME, April 6 (Xinhua) — Over 1,100 migrants and refugees including 121 non-accompanied children were rescued off Italy’s southern coasts over 24 hours, local media said on Saturday.
Some 145 people were saved during the night while sailing aboard three boats that had departed from the Libyan ports of Zuara and Tajoura, according to state-run Rai News 24 channel. And the other 797 migrants were rescued in previous operations in the southern Mediterranean Sea.
Among them were mainly Bengalis, Egyptians, and Syrian and Palestinian nationals, Ansa news agency reported.
Over the past 24 hours, dozens of other migrants also arrived at different ports in Sicily, including those in Pantelleria, Marettimo and Mazara del Vallo.
The improving sea and weather conditions were believed to have sparked the recent surge in maritime arrivals in southern Italy in the last few days.
The latest migrant boats all departed from either Libyan or Tunisian ports and crossed the perilous waters of the southern Mediterranean Sea, according to local media reports.
By April 4, 12,991 people have arrived in Italy by sea, down from the 28,342 in the same period of last year, the Interior Ministry has said.
And according to the United Nations refugee agency UNHCR, Italy registered 157,661 sea arrivals in 2023. ■