Connect with us

Africa & Middle East

အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေး အားလုံး ယာယီရပ်ဆိုင်းမည်ဟု တူရကီ ကြေညာ

ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာတွင် ကူညီထောက်ပံ့ပေးသော စားစရာများယူဆောင်သွားသည့် ပါလက်စတိုင်းကလေးငယ်များအား မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မေ ၃ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ လှုပ်ရှားမှုများကြောင့် ယင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုကပ်ဘေး ဆက်တိုက် ဆိုးရွားလျက်ရှိခြင်းကြောင့် အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးအားလုံးကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု တူရကီ ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်၌ ကြေညာခဲ့သည်။

တူရကီနိုင်ငံသည် ဧပြီ ၉ ရက်တွင် ပထမအဆင့်အနေဖြင့် အစ္စရေးသို့ တင်ပို့သော ကုန်ပစ္စည်း ၅၄ မျိုးကို ယာယီရပ်ဆိုင်းထားပြီဖြစ်သော်လည်း ဂါဇာကမ်းမြောင်လှုပ်ရှားမှုကို အစ္စရေးအစိုးရက ရပ်တန့်ခြင်းမရှိခဲ့ကြောင်း၊ ထို့အတွက် ဒုတိယအဆင့်အနေဖြင့် သွင်းကုန်ပို့ကုန်အားလုံးကို ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း တူရကီ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်တွင် လုံလောက်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဝင်ရောက်နိုင်ရန် အစ္စရေးအစိုးရ ခွင့်ပြုသည်အထိ တူရကီအနေဖြင့် ယင်းလုပ်ဆောင်ချက်များကို တင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

………………………..
(Chinese Version)
新华简讯|土耳其宣布暂停与以色列的所有进出口贸易
新华社安卡拉5月2日电 土耳其贸易部5月2日宣布,由于以色列在加沙地带的行动不断加剧该地区的人道主义灾难,土方决定暂停与以方的所有进出口贸易。
土耳其贸易部当天在一份声明中说,土耳其已于4月9日第一阶段暂停向以色列出口54类商品,但以政府未停止在加沙地带行动,为此土启动第二阶段措施,暂停对以所有进出口。土方将严格执行新措施,直到以政府允许充足的人道主义援助进入加沙地带。(完)
1. 3月16日,在加沙地带南部拉法,领取到援助食物的巴勒斯坦儿童走过一处废墟。