Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဘုရားဖူးလာသော လူအုပ်ပိ၍ လူ ၃ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် Begusarai ခရိုင်ရှိ ဂင်္ဂါမြစ်ကမ်းပါးပေါ်ရှိ Simaria Ghat (ရေချိုးဆိပ်) သို့ လာရောက်ကြသည့် ဝတ်ပြုသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ဘုရားဖူးလာသူ လူအုပ်ပိ၍ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိမှု ယနေ့ (နိုဝင်ဘာလ ၄ ရက်) ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

“ဒီလို ဘုရားဖူး လူအုပ်ပိမှုက ဘီဟာပြည်နယ် Begusarai ခရိုင်ရှိ ဂင်္ဂ ါမြစ်ကမ်းပါးပေါ်မှာ Simaria Ghat (ရေချိုးဆိပ်) မှာ ဒီနေ့ မနက်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ဝတ်ပြုသူ ရာနှင့်ချီရောက်ရှိနေပြီး Kartik Purnima ဟိန္ဒူပွဲတော်ကာလ သန့်ရှင်းသော ရေစိမ်ခံရဖို့ အတူစုဝေးနေတဲ့အချိန်မှာ ခုလို ဖြစ်သွားခဲ့တာ” ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

ယင်း ဖြစ်ရပ်ကြောင့် လူ သုံးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာ အစိုးရ ဆေးရုံသို့ ဒေသခံများက အလျင်အမြန် ပို့ဆောင်ခဲ့ရကြောင်း၊ ဒဏ်ရာရသူများထဲမှ အချို့မှာ စိုးရိမ်ရသည့်အတွက် ပြည်နယ် မြို့တော် Patna ရှိ ဆေးရုံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။ဒေသခံ ရုပ်မြင်သံကြား ချန်နယ်များတွင် ပြသချက်အရ အခင်းဖြစ်ပွားရာ ရေချိုးဆိပ်တွင် လူများ ကြိတ်ကြိတ်တိုးနေသည်ကို တွေ့ရှိရပြီး ကောလာဟလသတင်း တစ်ခုမှတစ်ဆင့် လူအုပ်ပိမှု ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။

ဘီဟာပြည်နယ် ဝန်ကြီးချုပ် Nitish Kumar က အခင်းဖြစ်ပွားမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးခဲ့သူများ၏ မိသားစု တစ်စုစီအတွက် လျော်ကြေးငွေ ရူပီး ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၀၀၀) ပေးအပ်မည်ဟု ကြေညာခဲ့သည်။“အခင်းဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပါတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။Kartik Purnima သည် ဟိန္ဒူဘာသာဝင်များအတွက် မင်္ဂလာရှိသောနေ့ တစ်နေ့ဖြစ်ပြီး (ဟိန္ဒူပြက္ခဒိန်အရ) Kartik လ၏ ၁၅ ရက်မြောက် Lunar နေ့အား အိန္ဒိယနိုင်ငံတစ်ဝန်း နေရာများစွာ၌ ပျော်ရွှင်စွာ ကျင်းပခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.