Connect with us

Videos

အမေရိကန်သမ္မတ ဘားရတ် အိုဘားမား၏ သီးသန့် ညစာစားပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်

ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ်တို့သည် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အင်န်ဒရူး လေတပ်စခန်းသို့ ဒေသစံတော်ချိန် ညနေ ၅း၄၀ နာရီ၌ ရောက်ရှိပြီး အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ ဂျိုးဘစ်ဒန်နှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ပါသည်။

ထို့နောက် သမ္မတရှီနှင့် ဇနီးသည် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား တည်ခင်း ဧည့်ခံသည့် အိမ်ဖြူတော်ရှိ သီးသန့် ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် သမ္မတရှီသည် အိမ်ဖြူတော်၌ တရားဝင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် မည် ဖြစ်သည်။ သမ္မတရှီသည် သမ္မတ အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ် ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
ထို့နောက် သမ္မတရှီ၏ အမေရိကန် ခရီးစဉ်အတွင်း အရေးပါသော အစိတ် အပိုင်း တစ်ခုဖြစ်သည့် နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရေး မူဝါဒများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ အပေါ်အမြင်ချင်း ဖလှယ်ကြမည်ဖြစ်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ အကြား အဓိကနိုင်ငံကြီး အချင်းချင်း တို့ကြား ဆက်ဆံရေး ပုံစံသစ်အား ဆက်လက် တိုးမြှင့် နိုင်ရန် ဆွေးနွေး ကြမည် ဖြစ်သည်။
ရှီ၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံး အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှု၊ စွမ်းအင်၊ ပြည်သူ အချင်းချင်း ဆက်ဆံရေး၊ ရာသီဥတု ပြောင်းလဲမှု ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ သိပ္ပံနှင့် နည်းပညာ၊ စိုက်ပျိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကာကွယ်ရေး၊ လေကြောင်းနှင့် အခြေခံ အဆာက်အအုံ ဖွံ့ဖြိုး တိုးတက်မှုများ အတွက် အရေးကြီးသော သဘော တူညီမှုများ ရရှိနိုင်မည်ဟု လေ့လာ သူများက ခန့်မှန်း ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.