Connect with us

Media

မြန်မာနိုင်ငံတွင် ၂၀၂၄_၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၄_၂၀၂၅ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် (ယနေ့) နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ _၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆင်ဟွာမှ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ၂၀၂၄_၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆,၃၉၄,၅၂၈ ဦး အပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများသို့ လာရောက်အပ်နှံလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်းအဆင့် ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်းရှိရာ စုစုပေါင်း အခြေခံပညာအဆင့်ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိကြောင်း သိရသည်။ (Xinhua)