Asia
စင်ကာပူတွင် ရထားနှစ်စင်းတိုက်မိရာ လူ ၂၃ဦး ဒဏ်ရာရရှိ
စင်ကာပူ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံတွင် အရှေ့-အနောက် ပြေးဆွဲနေသည့် SMRT ရထားလိုင်းမှ ရထားတစ်စင်းသည် ဂျိုကွန်းMRT ရထားဘူတာရုံတွင် ရပ်တန့်ထားသော ရထားတစ်စင်းအား ဒေသစံတော်ချိန် နံနက် ၈နာရီတွင် ဝင်တိုက်မိရာ အနည်းဆုံး လူ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ပြည်တွင်းမီဒီယာ Lianhe ZaoBao က ဒဏ်ရာရရှိသူ ၂၃ဦးကို ဆေးရုံများသို့ပို့ဆောင်ပေးထားကြောင်း နှင့် အများစုမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၅ရက် နံနက်ပိုင်း တွင်ဖြစ်ပွားခဲ့သော ယင်းမတော်တဆမှုသည် စင်ကာပူ MRT စနစ်၏ ချို့ယွင်းချက်တစ်ခုတည်းကြောင့် မဟုတ်ကြောင်း နှင့် ယင်းဖြစ်စဉ်ကြောင့် ရထားဆိုက်ရောက်ချိန်များနောက်ကျခဲ့ပြီး ခရီးသည်များအဆင်မပြေဖြစ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလတွင် SMRT ရထားလိုင်းသည် ဥမင်လိုဏ်ခေါင်း ရေလျှံမှုကြောင့် ရထားသွားလာမှုခက်ခဲခဲ့ကြောင်း သိရသည်။ SMRT ၏ အဆောက်အအုံ ထိန်းသိမ်းရေးအုပ်စု မှ အဖွဲ့ဝင် ၆ဦး နှင့် မန်နေဂျာအဆင့် ဝန်ထမ်း ၇ဦး တို့သည် မတော်တဆမှုနှင့် ဆက်စပ်နေသည့် ရေပိုက်စနစ် ထိန်းသိမ်းမှုနှင့် ပတ်သက်၍ တာဝန်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ (Xinhua)