Connect with us

Asia

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ မာရာဝီဒေသပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၂.၇ သန်း လှူဒါန်းမည်

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး တို့  ဖိလစ်ပိုင် ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးနေစဉ်(ဆင်ဟွာ)

မနီလာ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နိုဝင်ဘာလ ၁၅ ရက်၌ နှစ်နိုင်ငံဆက်ဆံရေးတွင် “ အကောင်းဘက်မှရှုမြင်သည့်လက္ခဏာအရှိန်အဟုန်” တိုးတက်စေရေး ဦးတည်ပြီး နှစ်ဖက်ခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပေါင်း ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်- ဖိလစ်ပိုင် ဆက်ဆံရေး ရှေ့ဆက်တိုးတက်ကောင်းမွန်စေရန် လာမည့် ၅ နှစ် မှ ၁ဝ နှစ်အတွင်း အခြေခံအဆောက်အအုံ နယ်ပယ်များ အကြောင်းကို ဆွေးနွေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ဆိုသည်။

ဝန်ကြီးချုပ်လီက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ စစ်ဒဏ်ခံစားခဲ့ရသည့် မာရာဝီမြို့ပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရမှ တရုတ်ယွမ်ငွေ ၁၅ဝ သန်း ( အမေရိကန်ဒေါ်လာ ၂၂.၇ သန်း ) ထောက်ပံ့သွားရန် ကတိပြုကြောင်း ပြောကြားခဲ့သည်။

မာရာဝီမြို့၌ အစ္စလာမ်မစ်အစွန်းရောက် အိုင်အက်စ်(IS) အနွယ် အကြမ်းဖက်သမားများအပေါ် ငါးလနီးပါး ဆင်နွှဲခဲ့သော အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲများမှာ အောင်မြင်စွာ အဆုံးသတ်သွားပြီးဖြစ်ကြောင်း အောက်တိုဘာလတွင် ကြေညာခဲ့သည်။ မြို့၏ အစိတ်အပိုင်းတော်တော်များများမှာ စစ်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရကြောင်း ဖိလစ်ပိုင်အစိုးရက ဆိုသည်။

သမ္မတဒူတာတေး ဦးဆောင်သော ဖိလစ်ပိုင်အစိုးရအဖွဲ့သည် မာရာဝီမြို့ပြန်လည်ထူထောင်ရေးကို စောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် ဒေသခံပြည်သူများမှာလည်း ပိုမိုကောင်းမွန်သော လူမှုဘဝဖြင့် နေထိုင်သွားရမည်ဖြစ်ကြောင်း ၎င်းအနေဖြင့် ယုံကြည်ပါသည်ဟု လီက ဆိုသည်။

မာရာဝီမြို့ပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုအပေါ် ကျေးဇူးတင်ကြောင်း နှင့် ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် “ တည်ဆောက်ခြင်း ၊ တည်ဆောက်ခြင်း ၊ တည်ဆောက်ခြင်း” ဟူသည့် စီမံချက်အရ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတဒူတာတေးက ပြောကြားခဲ့သည်။

“ ဖိလစ်ပိုင်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ အပေါင်းလက္ခဏာ အလှည့်အပြောင်း နဲ့အရှိန်အဟုန်ကောင်းကောင်း ဖြစ်ပေါ်တိုးတက်နေတာကို ကျွန်တော့်အနေနဲ့ဝမ်းမြောက် ပျော်ရွှင်မိပါတယ်” ဟု ဒူတာတေးက ပြောကြားခဲ့ပြီး “လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုက နယ်ပယ်ကဏ္ဍများစွာမှာ အကျိုးရလဒ်များကို ဆောလျင်စွာ ဆွတ်ခူးဖို့ဆောင်ကြဉ်းပေးနေပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းအားထုတ်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.