Asia
အိန္ဒိယ ခရီးသည်တင် လေယာဉ် ငှက်တစ်ကောင်နှင့် တိုက်မိ
နယူးဒေလီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ခရီးသည် ၁၃၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးအား တင်ဆောင်လာသော ဒိုဟာခရီးစဉ် လေယာဉ် တစ်စင်းသည် ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) အစောပိုင်းက အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ် တောင်ပိုင်းမှ ထွက်ခွာပြီးပြီးချင်း ငှက်တစ်ကောင်နှင့် တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားပြီးနောက် လေယာဉ်မှူးသည် နောက်ကြောင်း ပြန်လှည့်ခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူ ၁၄၁ ဦးလုံး ဘေးကင်းစွာဖြင့် လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
ချန်နိုင်း-ဒိုဟာ IndiGo လေယာဉ်သည် ဒေသစံတော်ချိန် ၂း၁၅ နာရီ၌ ချန်နိုင်းလေဆိပ်မှ ထွက်ခွာခဲ့သည်။ တာဝန်ရှိသူများ အဆိုအရ ခရီးသည်များအား ဒေသစံတော်ချိန် ၄း၃၀ နာရီဝန်းကျင်တွင် ဒိုဟာသို့ သွားမည့် အခြားလေယာဉ်ပေါ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ငှက်တစ်ကောင်နှင့် တိုက်မိခဲ့သည့် လေယာဉ်မှာ အနည်းငယ် ပျက်စီးသွားခဲ့သည်ဟု ဒေသခံ မီဒီယာများက ဖော်ပြထားသည်။ (Xinhua)