Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် အသက် ၅ နှစ်အောက်ကလေး ၁၉,၀၀၀ ကျော်သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ခြင်ဆေးငွေ့ဖျန်းနေသော အလုပ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်မှုကြောင့် အသက်ငါးနှစ်အောက်ကလေး ၁၉,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မှတ်တမ်းတင်ထားကြောင်း နောက်ဆုံးထုတ် Global Air 2024 ၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါအစီရင်ခံစာကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် အမေရိကန်အခြေစိုက် ကျန်းမာရေးသုတေသန အဖွဲ့အစည်းတို့ပူးပေါင်းကာ ဇွန် ၁၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် ကလေးအပါအဝင် သေဆုံးသူပေါင်း ၂၃၅,၀၀၀ ကျော်ရှိပြီး သိသာထင်ရှားသည့် အများပြည်သူကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဟု အလေးပေးဖော်ပြခဲ့သည်။ အသက်ငါးနှစ်အောက် ကလေးငယ်များမှာ လေထုညစ်ညမ်းမှုထိခိုက်ခံစားရသူများဖြစ်ပြီး လမစေ့ဘဲမွေးဖွားခြင်း၊ ပေါင်မပြည့်ခြင်း၊ ပန်းနာရင်ကျပ်နှင့် အဆုတ်ရောဂါတို့ ခံစားရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရေးပေါ်ဖြေရှင်းမှုများပြုလုပ်ရန် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် ရှယ်ဒန်ယက်ကပြောသည်။ ယနေ့ခေတ်ကလေးများ၏ ကျန်းမာရေးအတွက်သာမက အနာဂတ်မျိုးဆက်အတွက်ပါ လေထုအရည်အသွေးကောင်းမွန်ရန် ရေရှည်တည်တံ့သည့် ဖြေရှင်းနည်းများဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းကဆေက်ပြောသည်။ (Xinhua)

————————-
Bangladesh records over 19,000 deaths of children under 5 due to air pollution in 2021: report
DHAKA, June 20 (Xinhua) — Bangladesh recorded over 19,000 deaths of children under five due to air pollution-related conditions in 2021, according to the latest State of Global Air 2024 report.
The report, released Wednesday by U.S.-based research organization Health Effects Institute in partnership with the United Nations Children’s Fund (UNICEF), showed air pollution was responsible for over 235,000 deaths in Bangladesh in 2021, highlighting a significant public health challenge.
The report finds that children under five are especially vulnerable, with health effects including premature birth, low birth weight, asthma, and lung diseases.
UNICEF Representative to Bangladesh Sheldon Yett emphasized the urgent need for action.
“It is critical that we implement sustainable solutions to improve air quality not just for the health of our children today, but for future generations,” he said. ■
A worker sprays anti-mosquito fog in Dhaka, Bangladesh, on Aug. 20, 2023. (Xinhua)