Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းဒေသများတွင် ပဋိပက္ခများ ကျယ်ပြန့်လာနိုင်သည့် အန္တရာယ်ရှိကြောင်း ဂူတာရက်စ်က သတိပေး

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ဧပြီ ၃၀ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသများတွင် ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာနိုင်သည့် အန္တရာယ်ရှိပြီး ယင်းအခြေအနေကို လုံးဝရှောင်ရှားရမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များကြား ပဋိပက္ခအရှိန် အဆက်မပြတ် မြင့်တက်လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ အစ္စရေး-လက်ဘနွန် စစ်ရေးဆိုင်ရာ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းက ၎င်းနှစ်နိုင်ငံအနေဖြင့် ဒုက္ခများ ပိုမိုသက်ရောက်စေမည်ဖြစ်ပြီး ပျက်စီးမှုများ ပိုမိုဖြစ်စေကာ ဒေသတွင်းအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာမည်သာဖြစ်ကြောင်း အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။


သက်ဆိုင်ရာ ဘက်ပေါင်းစုံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၁၇၀၁ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်ပြီး အပစ်အခတ် ရပ်စဲရေးကို ချက်ချင်း ပြန်လည်စတင်ရန် ဂူတာရက်စ်မှ တိုက်တွန်းခဲ့သည်။ ယခုအချိန်သည် ဘက်ပေါင်းစုံက “ဆင်ခြေတုံတရား နှင့် ကျိုးကြောင်းဆီလျော်မှု” ကို ထည့်သွင်းစဉ်စားပြီး ရှိရင်းစွဲ သံတမန်ရေးနှင့် နိုင်ငံရေးလမ်းကြောင်းများဖြင့် လက်တွေ့ကျသော အဆက်အသွယ်များ ပြုလုပ်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်းသည် ထွက်လမ်းမရှိကြောင်း၊ ၎င်းဒေသတွင်း ပြည်သူများနှင့် ကမ္ဘာ့ပြည်သူများက လက်ဘနွန်ကို “နောက်ထပ် ဂါဇာကမ်းမြောင်” ဖြစ်လာမည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
古特雷斯警告中东地区冲突有扩大危险
新华社联合国6月21日电(记者潘云召)联合国秘书长古特雷斯21日表示,中东地区存在冲突进一步扩大的危险,这种情况必须避免。
古特雷斯当天在新闻发布会上对以色列与黎巴嫩真主党武装人员之间的冲突不断升级深表关切。他说,以黎军事冲突进一步升级只会给两国带来更多苦难,造成更多破坏,并给地区带来灾难性后果。
古特雷斯敦促有关方面再次重申全面执行联合国安理会第1701号决议,立即恢复停火。他说,现在是各方利用“理智和理性”,借助现有外交和政治渠道进行务实接触的时候。军事手段没有出路,该地区人民和世界人民不能让黎巴嫩“成为另一个加沙”。
图说:图为2024年4月30日,在位于纽约的联合国总部,联合国秘书长古特雷斯在记者见面会上发言。新华社记者 谢锷 摄