Connect with us

Europe

ရုရှားနိုင်ငံ မော်စကိုပြည်နယ်ရှိ အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး

ရုရှားနိုင်ငံ၊ မော်စကိုပြည်နယ် Friyazino မြို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးသမားများ မီးငြှိမ်းသတ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၊ မော်စကိုပြည်နယ် Friyazino စက်မှုဇုန်ရှိ ရုံးခန်းအဆောက်အအုံတစ်ခု ဇွန် ၂၄ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လက်ရှိတွင် လူ ၈ ဦးသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနရှိ မော်စကိုပြည်နယ် အုပ်ချုပ်ရေးရုံးချုပ်၏ သတင်းများကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)


………………………………………
(Chinese Version)
俄罗斯莫斯科州一建筑发生火灾致8人死亡
莫斯科,2024年6月25日
塔斯社24日援引俄罗斯紧急情况部莫斯科州管理总局消息说,该州弗里亚济诺市工业区一栋办公楼发生火灾,目前已导致8人死亡。
图说:这张俄罗斯紧急情况部6月24日发布的视频截图显示,救援人员在莫斯科州弗里亚济诺市火灾现场灭火。新华社发(俄罗斯紧急情况部供图)