Environment, Disasters & Accidents
သန်လျင်မြို့နယ် ဇာမဏီဆည်၏ အရှေ့ဘက်ခြမ်း မြေသား ဆည်ကန်ဘောင်ထူးပေါက်မှ ရေစိမ့်ထွက်မှုဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
သန်လျင်မြို့နယ် ဇာမဏီဆည်၏ အရှေ့ဘက်ခြမ်း (လက်ယက်စမ်းကျေးရွာဘက်) မြေသား ဆည်ကန်ဘောင်ထူးပေါက်မှ ရေစိမ့်ထွက်ပြီး ဆည်တာဘောင်(၁၅)ပေခန့် ကျိုးပေါက်ကာ နေအိမ် (၇၅)လုံးခန့် ရေ(၄)ပေခန့် ဝင်ရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၀၆း၃၀ နာရီ အချိန် တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းဆည်တာဘောင်(၁၅)ပေခန့် ကျိုးပေါက်ကာ နေအိမ် (၇၅)လုံးတွင် ရေများဝင်ရောက်ခဲ့သည့် အတွက် ခြေတံနိမ့်သည့် အိမ်(၅၀)လုံးခန့်မှာ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ပြီး ၁၁း၀၀ နာရီ အချိန် ရေပြန်လည်လျော့သွားပြီး ဆည်မြောင်းဦးစီးဌာနမှ ပိုင်ရိုက်ခြင်း၊ ဝါးကပ်ကာခြင်း၊ သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိကာ ကျေးရွာများ အတွင်းသို့ ရေထပ်တိုးဝင် ရောက်မှုမရှိတော့ကြောင်းနှင့် ဆည်တာပေါင်မြေဖို့ခြင်းလုပ်ငန်းအား ဘတ်ဟိုးယာဉ်(၃)စီး ဖြင့် ယနေ့ည အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)