Connect with us

Business

ဆေးဝါးကုမ္ပဏီများက သုံးစွဲသူပြည်သူများထံ တိုက်ရိုက်ဆေးရောင်းချပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပြုလုပ်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဆေးဝါးကုမ္ပဏီများက သုံးစွဲသူပြည်သူများထံ တိုက်ရိုက်ဆေးရောင်းချပွဲ မြင်ကွင်းများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဆေးဝါးကုမ္ပဏီများက သုံးစွဲသူပြည်သူများထံ ဇူလိုင် ၁၇ ရက်မှ ၃၁ ရက်အထိ တိုက်ရိုက်ဆေးရောင်းချပွဲပြုလုပ်လျက်ရှိကြောင်း သိရသည် ။

မြန်မာနိုင်ငံရှိ ဆေးဝါးသုံးစွဲသူပြည်သူများ ပြည်တွင်း၌ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်မှအပ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) ရောင်းချပေးလျက်ရှိကြောင်း သိရသည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.