Connect with us

Asia

ရုရှားနိုင်ငံ Kursk ပြည်နယ် အရေးပေါ်အခြေအနေသို့ ရောက်ရှိ

မော်စကို၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံတောင်ပိုင်း Kursk ပြည်နယ် နယ်စပ်ဒေသများတွင် ခက်ခဲသော တိုက်ပွဲအခြေအနေကြောင့် Kursk ပြည်နယ်သည် ယနေ့မှစ၍ အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီဖြစ်ကြောင်း ယင်းပြည်နယ် ယာယီပြည်နယ်အုပ်ချုပ်ရေးမှူး Smirnov က ဩဂုတ် ၇ ရက် ညပိုင်း၌ ကြေညာခဲ့သည်။

Smirnov သည် ဆိုရှယ်မီဒီယာတွင် ယင်းသတင်းကို ကြေညာခဲ့သည်။ အခြေအနေများ တိုးတက်မှုမရှိမချင်း ရုရှားနိုင်ငံအနေဖြင့် ဒေသခံပြည်သူများ ဘေးကင်းရေးအတွက် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Kursk ပြည်နယ်ကို ယူကရိန်းစစ်တပ်က တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ အမျိုးသားအစောင့်တပ်ဖွဲ့က နောက်ထပ်အစီအမံများလုပ်ဆောင်မည်ဖြစ်ပြီး Kursk နျူကလီးယားဓာတ်အားပေးစက်ရုံ၏ လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ အမျိုးသားအစောင့်တပ်ဖွဲ့က ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဩဂုတ် ၇ ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှားနိုင်ငံ Kursk ပြည်နယ်နှင့် Belgorod ပြည်နယ်များရှိ ယူကရိန်း၏ ကင်းထောက်မှုနှင့် ဖျက်ဆီးမှုများအား ထိထိရောက်ရောက်တုံ့ပြန်ရန်အတွက် ရုရှားနိုင်ငံ အမျိုးသားအစောင့်တပ်ဖွဲ့က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရုံး နယ်စပ်ကာကွယ်ရေးဌာနတို့နှင့်အတူ အားစိုက်တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် Kursk ပြည်နယ်ကို ဩဂုတ် ၆ ရက်ကစ၍ ထိုးစစ်ဆင်ခဲ့ရာ ၎င်း၏ ရည်ရွယ်ချက်မှာ ရုရှားနယ်မြေကို သိမ်းပိုက်ရန်ဖြစ်သည်ဟု ရုရှားစစ်တပ်၏ စစ်ဦးစီးချုပ် Gerasimov က ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားစစ်တပ် မြေပြင်နှင့် လေကြောင်းအင်အားက ယူကရိန်းစစ်တပ်များ Kursk ဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခြင်းမှ တားဆီးခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၁၀၀ သေဆုံးပြီး ၂၁၅ ဦး ဒဏ်ရာရရှိကာ တင့်ကား ၇ စင်း အပါအဝင် သံချပ်ကာ စက်ကိရိယာ ၅၄ ခု ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့၏ ဩဂုတ် ၆ ရက် တိုက်ခိုက်မှုကြောင့် Kursk ပြည်နယ်တွင် ကလေး ၆ ဦး အပါအဝင် လူ ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးလက်ထောက် Kuznetsov က မီဒီယာများကို ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ကြောင်း အခြား TASS သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
…………………………………………………….
(Chinese Version)
俄罗斯库尔斯克州进入紧急状态
新华社莫斯科8月7日电(记者黄河)俄罗斯南部库尔斯克州代理州长斯米尔诺夫7日晚宣布,由于库尔斯克州边境地区作战形势困难,库尔斯克州从即日起进入紧急状态。
斯米尔诺夫当晚在社交媒体上发布这一消息。他同时说,在局势改善之前,俄方将采取一切必要措施确保当地居民安全。
俄罗斯国民近卫军7日晚在其官方网站发表声明说,鉴于乌克兰军队袭击库尔斯克州,俄国民近卫军将采取补充措施,加强对库尔斯克核电站的安保措施。声明说,俄国民近卫军将与俄国防部、俄联邦安全局边防部门共同增加投入,以有效应对乌克兰在俄库尔斯克州和别尔哥罗德州的侦察破坏活动。
俄武装力量总参谋长格拉西莫夫7日表示,乌军6日起对库尔斯克州发起进攻,其目的是占领俄方领土。俄军地面和空中力量阻止乌军向库尔斯克方向深入。乌军在行动中有100人死亡、215人受伤,包括7辆坦克在内的54台装甲装备被摧毁。
俄卫生部部长助理库兹涅佐夫7日对媒体说,乌克兰武装部队6日对库尔斯克州的袭击已造成24人受伤,其中包括6名儿童。另据塔斯社报道,袭击已造成多人死亡。(完)