Politics, Law & Military
တရုတ်-ဗီယက်နမ် လွှတ်တော်နှစ်ရပ် အပြန်အလှန်ဖလှယ်မှု ပိုမိုပြုလုပ်ရန် တရုတ်နိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌပြော
ပေကျင်း၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဥပဒေပြုရေးထိပ်တန်းအရာရှိ ကျန်းတယ်ကျန်း(Zhang Dejiang) သည် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒိုဘတိုင်း(Do Ba Ty) နှင့် ဒီဇင်ဘာ ၁၉ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအကြား အပြန်အလှန်ဖလှယ်မှု ပိုမိုလုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။
ကျန်းက တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအတွင်းရေးမှူးရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက်CPC အမျိုးသားကွန်ဂရက် ပြီးနောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် တွေ့ဆုံစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို တွေ့ဆုံစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) နှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်တို့သည် နှစ်ဖက်ခေါင်းဆောင်များ၏ ရည်မှန်းချက်ကို ဖော်ဆောင်ပေးရန် ဦးစားပေးသင့်ကြောင်း ၊ အဆင့်အားလုံးတွင် နှစ်ဖက်အပြန်အလှန်ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်ကြောင်း NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်းတယ်ကျန်းက ဆိုသည်။
ဗီယက်နမ်အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒိုဘတိုင်းက ဗီယက်နမ် နှင့် တရုတ်နိုင်ငံတို့သည် နှစ်ဖက်ခေါင်းဆောင်များ၏ တိုက်ရိုက်လမ်းညွှန်မှုများဖြင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်အမျိုးသားလွှတ်တော်အနေဖြင့် တရုတ်နိုင်ငံ၏ NPC နှင့် ဆက်ဆံရေးတိုးမြင့်အောင်လုပ်ဆောင်ရန်အသင့်ရှိကြောင်း နှင့် နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားအတွက်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဗီယက်နမ်အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒိုဘတိုင်းက ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)