Connect with us

China

ကိုဆိုဗိုအရေးနှင့် စပ်လျဉ်း၍ ဆားဘီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအား တရုတ်နိုင်ငံက လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆားဘီးယားနိုင်ငံ သမ္မတ အလက်ဇန်းဒါး ဗူဆစ်တို့ တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၄ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ကိုဆိုဗို အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆားဘီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအား လေးစားအသိအမှတ်ပြုကာ ကိုဆိုဗိုဒေသရှိ ဆာ့ဘ်လူမျိုးစုများ၏ ဘေးကင်းလုံခြုံမှု၊ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားတို့ကို ထိန်းသိမ်းသင့်သည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
ပရစ်စတီနာမြို့ ရဲတပ်ဖွဲ့က ကိုဆိုဗိုဒေသ မြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုးစုများ၏ အဖွဲ့အစည်းများအား အတင်းအကျပ် ဝင်ရောက်စီးနင်းကာ ထိန်းချုပ်ထားခဲ့ပြီး ကိုဆိုဗိုရဲတပ်ဖွဲ့က ဆာ့ဘ်လူမျိုး ၄ ဦးအား ဖမ်းဆီးကာ ဒေသမြောက်ပိုင်းမှ ဆားဘီးယား အမျိုးသားဘဏ်ရှိ ဆားဘီးယားနိုင်ငံသုံးငွေကြေးကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ထို့အတွက်ကြောင့် ကိုဆိုဗိုဒေသ၏ အခြေအနေမှာ တင်းမာမှုများနှင့် တစ်ကျော့ပြန်ကြုံတွေ့ခဲ့ရသည်။
ယင်းနှင့်ပတ်သက်၍ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တစ်ဖက်သတ်လုပ်ဆောင်မှုများသည် ထိုကိစ္စရပ်အား ဖြေရှင်းရာတွင် အထောက်အကူ မပြုနိုင်ရုံသာမက ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုလည်း ထိခိုက်ပျက်ပြားစေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သက်ဆိုင်သူတွေအနေနဲ့ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ အပြန်အလှန် ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး ကိုဆိုဗို အရေးကိစ္စအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတစ်ရပ်ကို တက်တက်ကြွကြွရှာဖွေဖို့ လိုအပ်ပါတယ်” ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)


…………………….
(English Version)
China respects Serbia’s sovereignty, territorial integrity on Kosovo issue: FM spokesperson
BEIJING, Sept. 16 (Xinhua) — China respects Serbia’s sovereignty and territorial integrity on the Kosovo issue, and believes that the security and lawful rights and interests of ethnic Serbs in the Kosovo region should be upheld, a Chinese foreign ministry spokesperson said on Monday.
It is reported that the police of the temporary institutions in Pristina forcibly raided and controlled institutions of ethnic Serbs in northern Kosovo, and the Kosovo police arrested four Serbs and confiscated Serbian currency in the National Bank of Serbia located in northern Kosovo. The situation in the Kosovo region again experienced tension.
When asked for comment, the spokesperson said unilateral moves do not help address the issue and will only disrupt regional security and stability.
“Relevant parties need to continue practical and constructive dialogue, and actively look for a lasting solution to the Kosovo issue,” said the spokesperson. Enditem
English Caption
Chinese President Xi Jinping and Serbian President Aleksandar Vucic hold talks in Belgrade, Serbia, May 8, 2024. (Xinhua/Li Xueren)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.