Connect with us

Education & Health

မြန်မာနိုင်ငံ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ

၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အား တွေ့ရစဉ်(ဓာတ်ပုံ - MDN)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အများအပြားတွင် အသိပညာပေး လှုပ်ရှားမှုအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် ကြေးမုံ နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတစ်ရပ်အား စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၆ ရက်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပါအဝင် စုစုပေါင်း ၂၆၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတစ်ရပ်အား မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ တာဝန်ရှိသူများ ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင်လည်း ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တစ်ရပ်အား ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် တာဝန်ရှိသူများ ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအထိမ်းအမှတ်အခမ်းအနားများတွင် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပြခန်းများ ပြသခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက် အောင်မြင်ဖို့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” ဟူ၍ ဖြစ်သည်။ (Xinhua)

…………………………
(English Version)
Myanmar marks World Ozone Day

YANGON, Sept. 17 (Xinhua) — Myanmar marked the World Ozone Day on Monday with various awareness activities across several regions and states, the state-run daily The Mirror reported on Tuesday.
In Yangon Region, an event to commemorate World Ozone Day was held at a high school in Sanchaung township, attracting over 260 participants, including Yangon Region Chief Minister U Soe Thein, officials, students, and teachers.
In Mon State, a similar event was held at the state hall in Mawlamyine, attended by Mon State Chief Minister U Aung Kyi Thein, along with officials, students, and teachers, the report said.
In Magway Region, another event took place at the city hall of Magway, attended by the region’s natural resource minister, officials, teachers, and students, the report added.
These events featured awareness booths focused on ozone layer preservation, and prizes were awarded to students who won the essay competition to mark the World Ozone Day, it said.
The theme for the 2024 World Ozone Day is “Montreal Protocol: Advancing Climate Action.” Enditem