Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံတွင် ပေဂျာပေါက်ကွဲမှုများကြောင့် လူ ၈ ဦးသေဆုံး၊ ၂,၈၀၀ ကျော် ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ ဆေးရုံတစ်ရုံတွင် ပေဂျာပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအတွက် သွေးလှူဒါန်းရန် စောင့်ဆိုင်းနေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံရှိ နေရာများစွာတွင် စက်တင်ဘာ ၁၇ ရက်က ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်မှုကို ဖမ်းယူအသိပေးသောကိရိယာ ပေဂျာ (pager) ပေါက်ကွဲမှုများကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး အခြားသူ ၂,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး Firas Abiad က ပြောကြားခဲ့သည်။
သေဆုံးသူများအကြား ဟစ်ဇ်ဘိုလာ ပါလီမန်အမတ်၏ သား Ali Ammar လည်းပါဝင်ခဲ့ပြီး ဒဏ်ရာရသူများတွင်လည်း လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ် Mojtaba Amani လည်း ပါဝင်ခဲ့ကြောင်း Elnashra သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က အဆိုပါ ပေဂျာ ဘက်ထရီများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သတင်းအရ သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရခြင်း နောက်ခံအကြောင်းရင်းများကို သိရှိနိုင်ရန် လုံခြုံရေးနှင့် သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ဘနွန်နိုင်ငံနှင့် ပြည်သူများကို ကာကွယ်ရန် အသင့်ပြင်မှု အမြင့်ဆုံးအဆင့် ထားရှိကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ထားသည်။
ရှီးအိုက်အဖွဲ့ကလည်း ထိုတိုက်ခိုက်မှုအတွက် အစ္စရေးကို စွပ်စွဲပြစ်တင်ထားပြီး ပြန်လည်လက်တုံ့ပြန်သွားမည်ဟု သီးခြားထုတ်ပြန်ချက်တစ်ခု၌ ပြောကြားထားသည်။
ထို့ပြင် လက်ဘနွန်ကျန်းမာရေးဝန်ကြီး Najib Mikati က ဒဏ်ရာရသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရှိ ဌာနများအားလုံးကို စုစည်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများအားလုံးကိုလည်း သတိပေးချက်တိုးမြှင့်ထားကြောင်းနှင့် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများဆိုင်ရာ ကြီးမားသောလိုအပ်ချက်များနှင့် ကိုက်ညီစေရန် အသင့်အနေအထား တိုးမြှင့်ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန အရေးပေါ်အခြေအနေစင်တာက ထုတ်ပြန်ထားသည်။
နိုင်ငံသားများအားလုံးကိုလည်း ဘေးကင်းရေးအတွက် ၎င်းတို့၏ ပေဂျာကိရိယာများကို ချက်ချင်းဖယ်ရှားပစ်ရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
ထို့ပြင် လက်ဘနွန်ဝန်ကြီးများကောင်စီကလည်း ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ ပြစ်မှုကျူးလွန်သူများကို တာဝန်ယူမှုရှိစေရန် ဆက်စပ်နိုင်ငံများနှင့် ကုလသမဂ္ဂထံ စတင်ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………………………..
(English Version)
8 killed, over 2,800 wounded in pager explosions in Lebanon
BEIRUT, Sept. 17 (Xinhua) — Eight people were killed, and over 2,800 others, including Hezbollah members, were wounded on Tuesday in different areas of Lebanon as their pagers exploded, said Lebanese Health Minister Firas Abiad.
Elnashra news website reported that the son of Hezbollah parliamentarian Ali Ammar was among those killed, and Iranian Ambassador to Lebanon Mojtaba Amani was among the injured.
Israeli military targeted the batteries of these pagers, leading to their explosions, said the report, adding the injured were being transferred to hospitals.
In a statement, Hezbollah said it is conducting security and scientific investigations to identify the reasons behind these explosions, adding that the group is “at the highest level of readiness to defend Lebanon and its people.”
In a separate statement, the Shiite group blamed Israel for “this criminal attack,” vowing to retaliate.
Lebanese Prime Minister Najib Mikati urged the mobilization of all departments of the Public Health Ministry to follow up on medical care for the wounded.
The ministry’s Emergency Operations Center issued an urgent statement requesting all hospitals across Lebanon to be on high alert and enhance preparedness to meet the massive need for emergency health services.
The ministry also asked all citizens to discard their pager devices immediately over safety concerns.
Meanwhile, the Lebanese Council of Ministers stressed that the government, shortly after the deadly explosions, began contacting the concerned countries and the United Nations to hold the perpetrators accountable.
Photo 1: People wait to donate blood for those wounded in pager explosions at a hospital in Beirut, Lebanon, on Sept. 17, 2024. (Xinhua/Bilal Jawich)