Connect with us

Media

နက်နက်ရှိုင်းရှိုင်းပြုပြင်ပြောင်းလဲမှုက တရုတ်နိုင်ငံ၏ လျင်မြန်သောဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေကြောင်း ပညာရှင်များ ပြောကြား

ရှမန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်တက္ကသိုလ်၌ ပြုပြင်ပြောင်းလဲမှုနှင့် ၂၁ ရာစု မာ့ခ်ဝါဒအား ကျယ်ကျယ်ပြန့်ပြန့် နက်ရှိုင်းစွာ လေ့လာဆန်းစစ်ကြသည့် နိုင်ငံတကာစာတမ်းဖတ်ပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။
ယင်းစာတမ်းဖတ်ပွဲက ပြည်ပနိုင်ငံ ၁၄ နိုင်ငံမှ တာဝန်ရှိသူများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့က တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှု၏ တိုးတက်မှုရှိသော အကျိုးရလဒ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုခဲ့ကြသည်။
“ဒီနိုင်ငံရေးခံယူချက် (ဘက်စုံပြုပြင်ပြောင်းလဲရေး နက်ရှိုင်းခြင်း)က တရုတ်နိုင်ငံဟာ အသစ် ဖြစ်လာတယ်လို့ ထင်ပါတယ် ။ ဒါက အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ သမိုင်းမှာလည်း အရေးအကြီးဆုံး ဖြစ်စဉ် ဖြစ်ပြီးတော့ အလွန်ကြီးမားတဲ့ အသွင်ကူးပြောင်းမှုပါပဲ။ ဒီနိုင်ငံတစ်ခုထဲအတွက်တင်မဟုတ်ပါဘူး။ လူသားမျိုးနွယ်အားလုံး ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် အကျုံးဝင်စေတယ်လို့ ထင်ပါတယ်” ဟု ကွန်မြူနစ်ပါတီ(အီတလီ)၏ အထွေထွေအတွင်းရေးမှူးချုပ်၊ Palermo တက္ကသိုလ် ပါမောက္ခ ALBERTO LOMBARDO က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံကို ၂၀၁၈ ခုနှစ်မှာ လာခဲ့တယ်။ ဒီခဏလေးအတွင်းမှာပဲ အပြောင်းအလဲတွေက အများကြီးပါပဲ။ အခုအခါမှာ တရုတ်နိုင်ငံက အတော်ကို ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒါကြောင့် တရုတ်လူမျိုးတွေက လမ်းကြောင်းမှန်အပေါ် ရောက်နေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီသီအိုရီတွေ၊ စိတ်ကူးသစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပိုပြီးတော့ လေ့လာဖို့ လိုပါတယ်။ အဲဒီလိုပဲ ဒီအတွေ့အကြုံတွေကို ကျွန်တော်တို့ရဲ့ နိုင်ငံတွေနဲ့ ပြည်သူတွေကို ဝေမျှပေးနိုင်ပါတယ်။ အခုချိန်မှာ တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အခြားတတိယ ကမ္ဘာ့နိုင်ငံတွေကို ကူညီပေးနိုင်တဲ့ နည်းပညာ အဆင့်မြင့်မားတဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု အီရတ်ကွန်မြူနစ်ပါတီ ဘဂ္ဂဒက်ကော်မတီခေါင်းဆောင် NADER RIDHA GHENI က ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Deepening reform conducive to rapid development in China: scholars
An international symposium focusing on the comprehensive deepening of reform and 21st-century Marxism was held on Friday at Xiamen University, east China’s Fujian Province.
The event brought together party officials and experts from 14 foreign countries, who spoke about positive outcomes of China’s reforms.
SOUNDBITE 1 (English): ALBERTO LOMBARDO, General Secretary of the Communist Party (Italy), Professor at the University of Palermo
“I think that this politics (comprehensive deepening of reform) is new from China, is the most important thing, most important occurrence in the history, is a very large transformation, not only for this country, but (also) I think that it involves all humanity, comprehensive development