Connect with us

Africa & Middle East

တရုတ်နိုင်ငံက တည်ဆောက်ထားသည့် နိုင်ရိုဘီအမြန်လမ်းမကြီး နည်းပညာဆိုင်ရာ အကောင်းဆုံးဆန်းသစ်တီထွင်မှုဆုအတွက် အဆိုပြုခံရ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ နိုင်ရိုဘီအမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များ သွားလာနေပုံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော နိုင်ရိုဘီအမြန်လမ်းမကြီးသည် ၂၀၂၄ ခုနှစ် Afrika Mashariki သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆုပေးပွဲတွင် “သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ နည်းပညာဆိုင်ရာ အကောင်းဆုံးဆန်းသစ်တီထွင်မှု” ဆုအမျိုးအစားအတွက် အဆိုပြုခံခဲ့ရကြောင်း စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“နိုင်ရိုဘီအမြန်လမ်းမကြီးဟာ ၂၀၂၄ ခုနှစ် Afrika Mashariki သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆုပေးပွဲမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ နည်းပညာဆိုင်ရာ အကောင်းဆုံးဆန်းသစ်တီထွင်မှုဆုအတွက် အဆိုပြုခံထားရပါတယ်။ သင်တို့ရဲ့ဆန္ဒမဲကို လိုအပ်နေပါတယ်။ ဒီကနေ့ပဲ ကျွန်တော်တို့အတွက် မဲပေးပြီး ကင်ညာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ အလုံးစုံအသွင်ပြောင်းလဲရေးကို ဆက်လက်ဖော်ဆောင်နိုင်အောင် အကူအညီပေးကြပါ” ဟု အဆိုပါ အမြန်လမ်းမကြီးကို စီမံခန့်ခွဲလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီဖြစ်သည့် Moja Expressway က ဆိုသည်။

Afrika Mashariki သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆုပေးပွဲသည် အရှေ့အာဖရိကဒေသ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်မှုများကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကာ ပုဂ္ဂလိကကုမ္ပဏီများအပြင် အစိုးရဌာနအသီးသီးလည်း ပါဝင်ကြောင်း ထိုဆုပေးပွဲအား စီစဉ်ကျင်းပသူ၏ အဆိုအရ သိရသည်။
ယင်းသည် နိုင်ရိုဘီအမြန်လမ်းမကြီးအား အဆိုပါဆုအတွက် နှစ်နှစ်ဆက်တိုက် အဆိုပြုခံရခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ် အဖွင့်အခမ်းအနား၌ “သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကောင်းဆုံးအခြေခံအဆောက်အအုံဆု” နှင့် “ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဆိုင်ရာဆု” တို့ကို ဆွတ်ခူးခဲ့သည်။ တရုတ်နိုင်ငံက တည်ဆောက်ထားသည့် ထိုအမြန်လမ်းမကြီးသည် အဝေးပြေးဘတ်စ်ကား ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များကို လမ်းဖွင့်ပေးကာ မော်တော်ယာဉ်ဖြင့် သွားလာသူများအတွက်လည်း ခရီးကြာမြင့်ချိန်ကို သိသိသာသာလျှော့ချပေးနိုင်ခဲ့သည်။ အဆိုပါ အမြန်လမ်းမကြီးအား မော်တော်ယာဉ်အစီးရေ ၇၀,၀၀၀ ကျော်က နေ့စဉ် ဖြတ်သန်းအသုံးပြုလျက်ရှိကြောင်းလည်း Moja Expressway ကုမ္ပဏီ၏ အဆိုအရ သိရသည်။ (Xinhua)

…………………………….
(English Version)
Chinese-built Nairobi Expressway nominated for best technological innovation award
NAIROBI, Sept. 18 (Xinhua) — The Chinese-built Nairobi Expressway in Kenya has been nominated for the “Best Technological Innovation in Transport” category at the Afrika Mashariki Transport Awards 2024, according to a statement issued on Wednesday.
“Nairobi Expressway is up for Best Technological Innovation in Transport in the 2024 Afrika Mashariki Transport Awards, and we need your vote. Vote for us today and help us continue revolutionizing transport in Kenya,” said Moja Expressway, the Chinese company that operates the route.
The Afrika Mashariki Transport Awards celebrate excellence in the transport industry in East Africa, bringing together private firms as well as various government agencies, according to the event’s organizer.
This marks the second consecutive year the Nairobi Expressway has been nominated. In 2023, it won awards for “Best Transportation Infrastructure” and “Sustainable Transport” at the inaugural event. The Chinese-built expressway has opened new opportunities for commuter bus operators and significantly reduced travel time for motorists. Moja Expressway also noted that over 70,000 vehicles use the expressway daily. Enditem
English Caption
Vehicles run on the Nairobi Expressway in Nairobi, Kenya, Feb. 6, 2023. (Xinhua/Han Xu)