Connect with us

Africa & Middle East

ဘေရွတ်မြို့ တောင်ဘက် မြို့ဆင်ခြေဖုံးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံး၊ ရန်လိုတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံအများအပြားက တိုက်တွန်း

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ဘက်မြို့ဆင်ခြေဖုံးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများကို ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးသမားများအား စက်တင်ဘာလ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အစ္စရေးက လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်တောင်ဘက်မြို့ဆင်ခြေဖုံးကို စက်တင်ဘာ ၂၀ ရက်က တိုက်ခိုက်ခဲ့ရာ လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့၏ အကြီးတန်းစစ်ဘက်ဆိုင်ရာတပ်မှူး Ibrahim Aqil သေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က အဆိုပါနေ့ ညပိုင်းတွင် အတည်ပြုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များတွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ထိုနေ့တွင် လက်ဘနွန်နှင့် အစ္စရေးတို့၏ အခြေအနေများနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ ရန်လိုတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံအများအပြားက တိုက်တွန်းခဲ့ကြသည်။
ဘေရွတ်မြို့တောင်ဘက် Al-Jamous ဒေသရှိ အဆောက်အအုံတစ်ခုသည် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် အစ္စရေးဒုံးကျည် ၄ စင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ မီးခိုးများထူထပ်စွာ ထွက်ပေါ်လာပြီး စစ်တပ်၏ စီမံမှုအောက်တွင် လူနာတင်ယာဉ်များနှင့် မီးသတ်ကားများသည် ပစ်မှတ်နေရာသို့ လျင်မြန်စွာ သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်သတင်းဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါနေ့တွင် အစ္စရေးတိုက်လေယာဉ်များသည် ဘေရွတ်မြို့ကို “ပစ်မှတ်ထားတိုက်ခိုက်မှု”များ ပြုလုပ်ခဲ့ပြီး လက်ဘနွန်ဟစ်ဇ်ဘိုလာတပ်ဖွဲ့၏ လက်ရွေးစင်တပ်ဖွဲ့၊ Radwan တပ်ဖွဲ့ အကြီးတန်းတပ်မှူး Aqil နှင့် ၎င်းအဖွဲ့မှ အခြားတပ်မှူးအများအပြား သေဆုံးခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ “Aqil နဲ့အခြားRadwan တပ်မှူးတွေက အစ္စရေး မြောက်ပိုင်းကို တိုက်ခိုက်ခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ အဓိကချုပ်ကိုင်သူတွေ ဖြစ်တယ်” ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ Hagari က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Ibrahim Aqil သည် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုအတွင်း Aqil ၏ သေဆုံးရခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
အစ္စရေး၏ တိုက်ခိုက်မှုများသည် လူနေထူထပ်သော လူနေရပ်ကွက်များကို ပစ်မှတ်ထားပြီး အစ္စရေးက မည်သည့် “လူသားချင်းစာနာထောက်ထားမှု၊ တရားဥပဒေ သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ” ကို အလေးထားခြင်း မရှိကြောင်း လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် Najib Mikati က ထိုနေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။ အစ္စရေးအား ဖိအားပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။
အစ္စရေးနိုင်ငံ မြောက်ပိုင်းမြို့ဖြစ်သော Safed ၊ Galilee ရေကန် ဒေသများနှင့် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တို့တွင် လေကြောင်းရန်ကာကွယ်ရေးသတိပေးဥဩများဆွဲခဲ့ကြောင်း၊ အစ္စရေးစစ်တပ်၏ ရေတွက်အတည်ပြုချက်အရ လက်ဘနွန်မှ ဒုံးကျည်ပေါင်း ၁၂၀ ခန့်သည် အစ္စရေးနယ်နိမိတ်အတွင်း ကျရောက်ခဲ့ရာ တစ်စိတ်တစ်ပိုင်းကို အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားခဲ့ကြောင်းလည်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါနေ့အစောပိုင်းတွင် အစ္စရေးက လက်ဘနွန်တောင်ဘက်ရှိ ဟစ်ဇ်ဘိုလာ ပိုင်ဆိုင်သည့် အခြေခံအဆောက်အအုံအများအပြားကို လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လက်ဘနွန်-အစ္စရေးတို့၏ အခြေအနေများနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်များက ယခုတလော လက်ဘနွန်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် တိုက်ပွဲ၏ “ရှေ့သို့ အသစ်တိုးလာခြင်း” လက္ခဏာဆောင်နေကြောင်း သတိပေးပြောကြားခဲ့ပြီး နိုင်ငံအသီးသီးအနေဖြင့် ရန်လိုတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့ကြသည်။
တစ်နှစ်အတွင်း အစ္စရေးနှင့် လက်ဘနွန် နယ်စပ်ရှိ “အပြာရောင်စည်း” အနီးတွင် နေ့စဉ်နီးပါး ရန်လိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လက်ဘနွန်နှင့် အရှေ့အလယ်ပိုင်းဒေသ၏ လတ်တလော အခြေအနေဖြစ်ပေါ်နေပုံမှာ စိုးရိမ်ဖွယ် ဖြစ်ကြောင်း နိုင်ငံရေးဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် Dicarlo က လုံခြုံရေးကောင်စီအား အခြေအနေ ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တိုက်ခိုက်မှုအား ချက်ချင်း အပစ်ရပ်တန့်ရန်၊ ထိန်းသိမ်းခံထားရသူများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်နှင့် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။
လတ်တလော ဖြစ်ပွားသော တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို လုံးဝလစ်လျူရှုထားခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Qusay al-Dahhak က အာရပ်အဖွဲ့ကိုယ်စား ပြောကြားခဲ့သည်။ အာရပ်အဖွဲ့သည် ဆိုက်ဘာအကြမ်းဖက်ဝါဒ နှင့် “အစ္စရေး၏ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးကျော်မှုနှင့် အခြားနိုင်ငံများကို တိုက်ခိုက်မှုများ” ရှုတ်ချရန် လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။
လက်ဘနွန်-အစ္စရေး အခြေအနေ ထပ်တိုး အရှိန်အဟုန် မြင့်တက်လာနိုင်ခြေအပေါ် တရုတ်နိုင်ငံက အထူးစိုးရိမ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် အားလုံးကို တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။
လက်ဘနွန်၊ အစ္စရေးနှင့် အီရန်စသည့် နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဆွေးနွေးဖလှယ်ခဲ့ပြီး သံတမန်လမ်းကြောင်းများမှတစ်ဆင့် အကျပ်အတည်း ဖြေရှင်းရန် တိုက်တွန်းခဲ့ကြောင်း ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၁၉ ရက် လူမှုမီဒီယာ၌ ရုပ်သံမိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

လက်ဘနွန်-အစ္စရေးနယ်စပ်၊ အစ္စရေးဘက်ခြမ်းတွင် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်က တိုက်ခိုက်ရန်ဝင်လာသော ဒုံးကျည်များကို စက်တင်ဘာ ၂၀ ရက်က ကြားဖြတ်ဟန့်တားနေစဉ် (ဆင်ဟွာ)

………………………………………
(Chinese Version)
以色列空袭贝鲁特南郊致14死 多方呼吁立即停止敌对行动
新华社北京9月21日电 综合新华社驻外记者报道:黎巴嫩真主党20日夜间证实,其高级军事指挥官易卜拉欣·阿基勒在当天以色列对黎首都贝鲁特南郊的袭击中身亡。黎公共卫生部最新数据显示,袭击已造成14人死亡。联合国安理会当天就黎以局势举行紧急会议,多方呼吁立即停止敌对行动。
据黎巴嫩国家通讯社报道,位于贝鲁特南郊贾穆斯地区的一处建筑20日下午遭以色列4枚导弹袭击。爆炸现场升起滚滚浓烟,救护车和消防车在军队部署下迅速赶往目标地点展开救援。
以色列国防军20日晚宣布,以战机当天对贝鲁特实施“定点打击”,打死黎巴嫩真主党精锐部队拉德万部队高级指挥官阿基勒以及该部队其他几名指挥官。以军发言人哈加里发表声明说,“阿基勒等拉德万部队指挥官是真主党袭击以色列北部的主谋”。
黎巴嫩真主党发表声明说,易卜拉欣·阿基勒是重要的领导人。声明未提及阿基勒遇袭身亡的更多细节。
黎巴嫩总理纳吉布·米卡提当天在内阁会议上表示,以色列袭击的目标是人口稠密的住宅区,以色列不重视任何“人道主义、法律或道义考量”。他呼吁国际社会向以色列施加压力。
以色列国防军20日还说,以北部城市采法特和加利利湖地区及以方占领的戈兰高地当天拉响防空警报,以军确认约有120枚火箭弹从黎巴嫩进入以色列境内,以军防空系统将其部分拦截。此外,以军当天早些时候空袭和炮击了黎南部多个隶属于真主党的基础设施。
联合国安理会20日就黎以局势举行紧急会议。与会代表警告说,最近在黎巴嫩发生的袭击事件标志着战争的“新发展”,呼吁各方立即停止敌对行动。
负责政治事务的联合国副秘书长迪卡洛在向安理会通报情况时表示,近一年来,以色列和黎巴嫩边境“蓝线”附近几乎每天都发生敌对行动,黎巴嫩及中东地区近期的事态发展令人担忧。她呼吁相关方立即停火,立即无条件释放所有被扣押人员,并大规模增加对加沙地带的人道主义援助。
叙利亚常驻联合国代表库赛·达哈克代表阿拉伯集团发言时说,最近发生的袭击事件完全无视国际法。阿拉伯集团要求安理会谴责网络恐怖主义,“以及以色列对巴勒斯坦人民的侵略和对其他国家的袭击”。
中国常驻联合国代表傅聪表示,中方对黎以局势可能进一步升级深表担忧,呼吁所有各方保持最大限度的克制。
法国总统马克龙19日夜在社交媒体上发表视频讲话说,他当天与黎巴嫩、以色列和伊朗等国领导人进行了交流,呼吁通过外交途径化解危机。(完)
图说1:9月20日,救援人员在黎巴嫩贝鲁特南郊遭空袭现场转移伤者。
图说2:9月20日,在黎以边境以色列一侧,以军防空系统拦截来袭的火箭弹。