Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စတင်ကောက်ယူလျက်ရှိ (၁/၁၀/၂၀၂၄ MRTV)
-တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ (၁/၁၀/၂၀၂၄ MOI)
-ကိုဗစ် – ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၂) ဦးတွေ့ရှိ (၁/၁၀/၂၀၂၄ MOI)
-ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်ကျင်းပသည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက် (၁/၁၀/၂၀၂၄ MOI)
-မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးက လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ရှစ်ခုကိုခွင့်ပြု (၁/၁၀/၂၀၂၄ MOI)
-ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသောအစီအစဉ်ရေးဆွဲရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (၃၀/၉/၂၀၂၄ MOI)
-ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ (၃၀/၉/၂၀၂၄ MOI)
– ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ (၆၇)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် ဆုကြီးများနှင့် အခြားဆုမဲများ ထွက်ပေါ် (၁/၁၀/၂၀၂၄ MRTV)
-ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်စာရင်းဝင်ရောက်ရန် ကြိုးပမ်းနေ (၁/၁၀/၂၀၂၄ MRTV)
-တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်နိုင်၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှား (၁/၁၀/၂၀၂၄ MRTV)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.