Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း စတင်ကောက်ယူ (၂/၁၀/၂၀၂၄ – MOI)

-နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်း ဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းဆောင်ရွက် (၂/၁၀/၂၀၂၄ – MWD)

-ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပပြုလုပ် (၂/၁၀/၂၀၂၄ – MOI)

-ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာအမျိုးသားလေကြောင်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ (၂/၁၀/၂၀၂၄ – MOI)

-ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး (၂/၁၀/၂၀၂၄ – MOI)

-အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ (၂/၁၀/၂၀၂၄ – MOI)

-ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး ကျင်းပ (၂/၁၀/၂၀၂၄ – MOI)
-မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော် (၂/၁၀/၂၀၂၄ – MOI)

-မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-ပဲခူး လမ်းပိုင်း၌ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ်(၁၅)အဆန်/(၁၆)အစုန် လူစီးရထား စတင်ပြေးဆွဲ (၂/၁၀/၂၀၂၄ – MOI)

-တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင် (၂/၁၀/၂၀၂၄ – MWD)

-သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး “ရှေးဟောင်းမြန်မာ့သမိုင်း အထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်)” သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းမှု လှည့်လည်ကြည့်ရှုစစ်ဆေး
(၂/၁၀/၂၀၂၄ – MRTV)