Connect with us

Myanmar

မြန်မာနိုင်ငံရှိ မြစ်ကြီးနားလေဆိပ်အား အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနားလေဆိပ်တွင် ပစ်ခတ်တိုက်ခိုက်ခံရသည့် အမျိုးသား လေကြောင်းလိုင်း (MNA) မှ ခရီးသည်တင်လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် မြစ်ကြီးနားလေဆိပ်အား အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ၌ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လေဆိပ်၌ ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ် တစ်စင်းအား လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာ (apron) အနည်းငယ်ပျက်စီးခဲ့မှုကြောင့် မြစ်ကြီးနားလေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူး အသိပေးစာ (NOTAM) ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

မြစ်ကြီးနားလေဆိပ်တွင် ပစ်ခတ်တိုက်ခိုက်ခံရသည့် အမျိုးသား လေကြောင်းလိုင်း (MNA) မှ ခရီးသည်တင်လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117