Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၃ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဒုတိယနေ့ ဆက်လက် ကောက်ယူ (၂/၁၀/၂၀၂၄ – MRTV)

-မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ကြောင်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်၊ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး (၃/၁၀/၂၀၂၄ – MRTV)

-နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး) အနေဖြင့် ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ယာဉ်လိုင်းစုစုပေါင်း (၈၉)လိုင်းအတွက် လူမှုရေး ထောက်ပံ့ငွေကျပ်သိန်းပေါင်း (၂၇၀)ကျော် ပေးအပ်ပွဲကျင်းပ (၃/၁၀/၂၀၂၄ – MRTV)

-ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြင်ဦးလွင်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအနှီး၊ နည်းပညာလွှဲပြောင်းရရှိရေးနှင့် ဈေးကွက်ရရှိရေးကိစ္စရပ်များ ဆွေးနွေး (၃/၁၀/၂၀၂၄ – MOI)

-ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက် (၃/၁၀/၂၀၂၄ – MOI)

-ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်လမ်းတံတားများနှင့် မိုးစပါးစိုက်ခင်းများ ပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး (၃/၁၀/၂၀၂၄ – MOI)

-ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်နှင့် ဒဂုံမြို့ နယ်တို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ (၃/၁၀/၂၀၂၄ – MRTV)

-မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝိုင်လုပ်ငန်းရှင်(၂)ဦး၊ ယိုစုံလုပ်ငန်းရှင်(၁၅)ဦးနှင့် နို့နှင့် နို့ထွက်လုပ်ငန်းရှင်(၃၇)ဦးတို့အား စက်မှုမှတ်ပုံတင် ထုတ်ပေးနိုင်ခဲ့ပြီဖြစ် (၃/၁၀/၂၀၂၄ – MRTV)

-လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြည်သူလူထုအတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်များ၊ အသက်(၃)နှစ်အောက် ကလေးများ၊ အသက်(၇၅)နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအတွက် ငွေသားနှင့် ပစ္စည်း(၂)မျိုးလုံးကို ထောက်ပံ့ပေးသွားမည်ဖြစ် (၃/၁၀/၂၀၂၄ – MRTV)

-တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းကူးတံတား ချောင်းရေဖြင့် မျောပါပျက်စီးခဲ့မှုအား ကြည့်ရှုစစ်ဆေး (၃/၁၀/၂၀၂၄ – MRTV)