Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း စစ်ရေးနေရာအများအပြားကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဟု ဆီးရီးယား စစ်တပ် ပြောကြား

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ဆီးရီးယားနိုင်ငံ Hama ပြည်နယ်တွင် မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အလယ်ပိုင်းဒေသ စစ်ရေးနေရာ အများအပြားသည် အောက်တိုဘာ ၆ ရက်တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုအချို့ ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ယင်းနေ့၌ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် အောက်တိုဘာ ၆ ရက် ည ၈ နာရီ ၀၅ မိနစ်ခန့်တွင် အစ္စရေးက လက်ဘနွန်နိုင်ငံ မြောက်ဘက်မှ ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ စစ်ရေးနေရာအများအပြားကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ ဆီးရီးယား အလယ်ပိုင်း Homs ပြည်နယ် အထက်ကောင်းကင်တွင် အောက်တိုဘာ ၆ ရက် ညပိုင်းက ဧရာမ ပေါက်ကွဲသံ ထွက်ပေါ်လာရာ ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေးစနစ်က အဆိုပါ တိုက်ခိုက်လာသည့် ပစ်မှတ်များကို တုံ့ပြန်ခဲ့ကြောင်း ဆီးရီးယား မီဒီယာများ၏ သတင်းအရ သိရသည်။ ထို့အပြင် အစ္စရေးက Homs ပြည်နယ်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ၃ စီးကို ယင်းနေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ဗြိတိန်ရုံးအခြေစိုက် “ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့” ၏ သတင်းများအရ ဆီးရီးယား အစိုးရ၏ Homs ပြည်နယ်နှင့် Hama ပြည်နယ် ရှိ လက်နက်သိုလှောင်ရုံများသည် အောက်တိုဘာ ၆ ရက်တွင် တိုက်ခိုက်ခံရ၍ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် အစ္စရေးတပ်က အီရန် စစ်ရေးအဆောက်အဦများအား တိုက်ခိုက်သည်ကို အကြောင်းပြ၍ ဆီးရီးယားနယ်နိမိတ်အတွင်း ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ ဆီးရီးယားတွင် အီရန်တပ်များ တပ်စွဲထားသည်ကို ဆီးရီးယားနှင့် အီရန် အစိုးရများက ငြင်းဆိုထားသည်။ အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အကြား ပဋိပက္ခ အရှိန်အဟုန် ဆက်တိုက်မြင့်တက်လာခြင်းနှင့်အတူ ဆီးရီးယားနယ်နိမိတ်အတွင်း ပစ်မှတ်များအပေါ် အစ္စရေး၏ တိုက်ခိုက်မှုမှာ ပို၍များပြားလာခဲ့သည်။ လက်ဘနွန်မှ ဆီးရီးယားသို့ ခိုလှုံသူ ၃၂၀,၀၀၀ နီးပါး ရှိပြီ ဖြစ်ပြီး ၎င်းတို့အနက် လက်ဘနွန်နိုင်ငံသား ၈၆,၀၀၀ ကျော်နှင့် ဆီးရီးယားနိုင်ငံသား ၂၃၃,၀၀၀ ကျော်ပါဝင်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ သတင်းကို ကိုးကား၍ Al-Watan သတင်းစာက အောက်တိုဘာ ၆ ရက်တွင် ဖော်ပြထားသည်။ (Xinhua)

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ဆီးရီးယားနိုင်ငံ Homs ပြည်နယ်တွင် မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………..
(Chinese Version)
叙利亚军方:以色列空袭叙中部多处军事地点
新华社大马士革10月6日电(记者程帅朋 冀泽)叙利亚军方6日发表声明说,叙中部地区多处军事地点当天遭以色列空袭,造成一些财产损失。
声明说,当地时间6日20时05分许,以色列从黎巴嫩北部方向对叙中部多处军事地点发动空袭。据叙利亚媒体报道,中部霍姆斯省上空6日晚传出巨大爆炸声,叙防空系统对来袭目标做出了回应。此外,以色列当天还空袭了霍姆斯省3辆装载援助和救济物资的汽车。
另据总部设在英国的“叙利亚人权观察组织”消息,叙政府军位于霍姆斯省和哈马省的多个武器库6日遭以色列导弹袭击,引发巨大爆炸。
2011年叙利亚内战爆发后,以军多次以打击伊朗军事设施为由空袭叙境内目标。叙利亚和伊朗政府均否认伊朗在叙有驻军。随着以色列和黎巴嫩真主党之间的冲突持续升级,以色列对叙境内目标的袭击更加频繁。叙利亚《祖国报》6日援引叙移民管理部门消息说,已有近32万人从黎巴嫩进入叙利亚避难,其中包括8.6万多名黎巴嫩人和23.3万多名叙利亚人。(完)
1. 10月6日,叙利亚哈马省遭以色列空袭后升起浓烟(手机照片)。
2. 10月6日,叙利亚霍姆斯省遭以色列空袭后升起浓烟(手机照片)。