Connect with us

China

တရုတ်နိုင်ငံတွင် WTT China Smash ပြိုင်ပွဲ “အချိန်နှင့်အမျှ ပို၍ကောင်းမွန်ပြည့်စုံ” လာခြင်းကို မျက်မြင်သက်သေပြုခဲ့ကြောင်း နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ဥက္ကဋ္ဌက ပြောကြား

နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ဥက္ကဋ္ဌ Petra Sorling ကို ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) China Smash သည် အောက်တိုဘာ ၆ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော WTT China Smash ပွဲသည် ထူးခြားသောအနက်အဓိပ္ပာယ် ရှိပြီး ဤပြိုင်ပွဲ “အချိန်နှင့်အမျှ ပို၍ကောင်းမွန်ပြည့်စုံ” လာခြင်းကို ဝမ်းသာဖွယ် မျက်မြင်သက်သေပြုခဲ့ကြောင်း ITTF ဥက္ကဋ္ဌ Petra Sorling က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှ စ၍ WTT Grand Slam ပြိုင်ပွဲကို နှစ်စဉ် နေရာ ၄ နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ITTF World Table Tennis Championships ၊ အိုလံပစ်အားကစား နှင့်ပုံစံတူပြီး ချန်ပီယံမှာ အဆင့်သတ်မှတ်သည့် ပွိုင့် ၂,၀၀၀ ရရှိမည်ဖြစ်သည်။
“WTT Grand Slam ပြိုင်ပွဲက ရေရှည်အစီအစဉ်တစ်ခုဖြစ်ပြီး အားကစားသမားတွေရဲ့ ရှုမောဖွယ်တင်ဆက်မှုတွေက လူငယ်တွေကို အားပေးလှုံ့ဆော်မှုဖြစ်စေတယ်။ ပိုမိုများပြားတဲ့လူငယ်တွေ အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ပြီး ဒီစားပွဲတင်တင်းနစ်အားကစားမှာ ပါဝင်လာဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်”၊ “ပေကျင်းမြို့ ဆုဉ်ကန်းဥယျာဉ်မှာရှိတဲ့ အားကစားကွင်းနဲ့ Grand Slam ဥယျာဉ်မှာ ကျွန်တော် ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကို ခံစားမိတယ်။ ပထမဆုံးအကြိမ် WTT China Smash အောင်မြင်စွာကျင်းပပေးတာဟာ ကောင်းမွန်တဲ့ စတင်ခြင်းတစ်ခုဖြစ်တယ်” ဟု Sorling က ပြောကြားခဲ့သည်။

ယခုနှစ်မတ်လတွင် ၂၀၂၄ ခုနှစ် မှ ၂၀၂၈ ခုနှစ်အထိ WTT China Smash ပွဲ ကျင်းပခွင့်ကို ပေကျင်းကရရှိခဲ့သည်။ Shougang Ice Hockey အားကစားရုံ၊ Short Track Speed Skating အားကစားရုံ နှင့် Figure Skating အားကစားရုံတို့သည် ရေခဲပြင်မှ စားပွဲတင်တင်းနစ်ကွင်းသို့ ပြောင်းလဲနိုင်ခဲ့ပြီး ဆောင်းရာသီ အိုလံပစ် အမွေအနှစ်နှင့် စက်မှု အမွေအနှစ်များ ရေရှည်တည်တံ့ရေးကို နက်ရှိုင်းစေခဲ့သည်။ “ပေကျင်း ဆောင်းရာသီ အိုလံပစ်ကျင်းပတဲ့အချိန်တုန်းက ကျွန်တော် ဒီကို ရောက်ဖူးတယ်။ ဒါက ကွင်းတစ်ခုတည်းဆိုတာကို စိတ်ကူးကြည့်ဖို့ တော်တော်ခက်တယ်၊ ပြီးတော့ ဒါက တစ်ချိန်က စက်မှုဇုန် တစ်ခု ဖြစ်ခဲ့တာ ပိုလို့တောင် မယုံနိုင်စရာပါပဲ။ ကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ပန်းခြံတွေက အလွန်ကောင်းပါတယ်။ ရေရှည်တည်တံ့တဲ့ အသုံးပြုမှု စံနမူနာတစ်ခုလို့တောင် ခေါ်ဆိုနိုင်တယ်” ဟု Sorling က ပြောကြားခဲ့သည်။
ယခုအကြိမ် WTT China Smash ပြိုင်ပွဲတွင် တရုတ်အသင်းက ပြိုင်ပွဲ ၅ မျိုးစလုံးကို ချန်ပီယံ ဆွတ်ခူးခဲ့သည်။ “ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ တရုတ်အသင်းက စားပွဲတင်တင်းနစ်ပြိုင်ပွဲရဲ့ ရွှေတံဆိပ်ငါးခုစလုံး ရရှိခဲ့တဲ့အတွက် တရုတ်လက်ရွေးစင်တွေကို ထပ်ပြီး ဂုဏ်ပြုကြောင်းပြောချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ WTT Grand Slam နဲ့ အခြားအဆင့်မြင့်ပွဲတွေကျင်းပပေးခြင်းဖြင့် အသင်းအဖွဲ့အသီးသီးမှ အားကစားသမားတွေကြား ကွာဟချက်ကို တဖြည်းဖြည်း လျှော့ချနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု Sorling က ပြောကြားခဲ့သည်။
အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲတွင် ဆွီဒင်လက်ရွေးစင် Moregard Truls သည် တရုတ်လက်ရွေးစင် ရှန့်ဖုန်အား ရှုံးနိမ့်ခဲ့ရာ ဆီမီးဖိုင်နယ်သို့ မရောက်ရှိခဲ့ပေ။ ယင်းမှာလည်း ဆွီဒင်စားပွဲတင်တင်းနစ်၏ အံ့ဖွယ်ဖြစ်သည့် Jörgen Persson ၏ နည်းပြရာထူးမှ နှုတ်ဆက်ပွဲဖြစ်လာခဲ့သည်။ တွေ့ဆုံမေးမြန်းမှုတွင် ဆွီဒင်နိုင်ငံမှလာသော Sorling ကလည်း Persson အား ဆုမွန်ကောင်းတောင်းပေးပြီး “Persson က နည်းပြဆက်လုပ်ဖို့ မရွေးချယ်ခဲ့ပေမဲ့ စားပွဲတင်တင်းနစ်လောကမှာ သူဆက်လက်တက်ကြွစွာ ပါဝင်နေဦးမယ်လို့ ကျွန်မယုံကြည်ပါတယ်။ “ပျိုးပင်ကောင်း” တွေ ယူလာပြီး တရုတ်နိုင်ငံကို ပြန်လာကာ တရုတ်မိတ်ဆွေတွေနဲ့အတူ စားပွဲတင်တင်းနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းတွန်းအားပေးလုပ်ဆောင်နိုင်တယ်” ဟု Sorling က ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်းမြို့ ဆုဉ်ကန်းဥယျာဉ်တွင် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) China Smash ပြိုင်ပွဲ လာရောက်ကြည့်ရှုသူများကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
国际乒联主席:在中国见证WTT大满贯赛“羽翼渐丰”
新华社北京10月7日电(记者李春宇、岳冉冉)2024年世界乒乓球职业大联盟(WTT)中国大满贯赛6日落下帷幕。国际乒联主席佩特拉·索林在接受采访时说,在中国首都北京举办WTT大满贯赛意义非凡,很高兴见证这项赛事“羽翼渐丰”。
自2021年起,WTT大满贯赛事每年举办四站,与国际乒联世界乒乓球锦标赛和奥运会相同,冠军将获得2000点排名积分。
“WTT大满贯赛事是一项长期规划,运动员的精彩表现对青少年有激励作用,希望能吸引更多年轻人关注并参与乒乓球这项运动。”索林表示,“在北京首钢园区的场馆和大满贯公园,我感受到了观众们的热情。首届WTT中国大满贯赛成功举办,是一个很好的开端。”
今年3月,北京获得2024至2028年WTT中国大满贯赛事举办权,首钢冰球馆、短道速滑馆和花样滑冰馆实现了“冰乒转换”,深化冬奥遗产和工业遗存的可持续利用。索林说:“北京冬奥会的时候我就来过这里,很难想象这是同一座场馆,更难以置信的是这曾经是一个工业园区。场馆周边的绿化和公园都非常不错,堪称可持续利用的典范。”
本次WTT中国大满贯赛,中国队夺得全部五项冠军。索林说:“巴黎奥运会上,中国队就包揽了乒乓球项目全部五枚金牌,要再一次向中国选手表示祝贺。同时,我们希望通过举办WTT大满贯赛事以及其他高水平赛事,逐步缩小各个协会运动员之间的差距。”
在男单四分之一决赛中,瑞典选手莫雷高德不敌中国选手向鹏,无缘半决赛,这也成为瑞典乒乓球传奇佩尔森的执教生涯告别战。同样来自瑞典的索林在采访期间也向佩尔森送上了祝福,她说:“虽然佩尔森选择不再继续执教,但是我相信他会继续活跃在乒坛。他可能会带着‘好苗子’回到中国,与中国的朋友们一起,共同推动乒乓球运动发展。”(完)
图说 1:国际乒联主席索林接受新华社记者专访。新华社记者 肖艺九 摄
图说 2:10月3日,人们在北京首钢园区观看世界乒乓球职业大联盟(WTT)中国大满贯赛。新华社记者 张晨霖 摄