Connect with us

Media

ထောပတ်သီး၏ စားနည်း အသွယ်သွယ်

ဖူအော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ထောပတ်သီး စားနည်း ဘယ်နှမျိုး ရှိပါသနည်း။
မကြာသေးခင်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအော်မြို့ မုန့်လျန်ခရိုင်တွင် ကျင်းပခဲ့သော ထောပတ်သီးပွဲတော်က အဖြေပေးပါလိမ့်မည်။ ပွဲတော်ကာလတွင် ထောပတ်သီးခူးဆွတ်ပွဲ အခမ်းအနား၊ ထောပတ်သီးရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကုန်စည်မှာယူပွဲ၊ ထောပတ်သီး စားကောင်းသောက်ဖွယ် ချက်ပြုတ်ပြိုင်ပွဲ၊ ထောပတ်သီးအအေးစာ စားသောက်ပွဲ၊ ထောပတ်သီး ဂီတရာသီ စသည့်ပွဲတော်များ ကျင်းပခဲ့သည်။
ထောပတ်သီးကော်ဖီ၊ ထောပတ်သီးကြက်စွပ်ပြုတ်၊ ထောပတ်သီးဆန်ပြုတ်၊ ထောပတ်သီးရေခဲမုန့်လုံးရေပေါ်၊ ထောပတ်သီးဆာရှိမီ၊ ထောပတ်ပေါက်စီ စသော ထောပတ်သီးနှင့် ဆန်းသစ်ဖန်တီးထားသည့် အစားအစာများက လူများကို မျက်စိပွင့် အသစ်အဆန်းဖြစ်စေပါသည်။ (Xinhua)
……………………………………..
(Chinese Version)
牛油果的N种吃法
牛油果有多少种吃法?近日,在中国云南省普洱市孟连县举办的牛油果节给出了答案。节日期间,举行了牛油果开摘仪式、牛油果招商订货会、牛油果美食烹饪大赛、牛油果冷餐宴、牛油果音乐季等系列活动。牛油果咖啡、牛油果炖鸡、牛油果稀饭、牛油果冰汤圆、牛油果刺身、牛油果包子等牛油果创意美食让人们大开眼界。