Connect with us

Africa & Middle East

ပဋိပက္ခ တစ်နှစ်ပြည့်ချိန်၊ ပါလက်စတိုင်းနှင့် အစ္စရေးတို့ တိုက်ခိုက်မှုနှင့် ဝမ်းနည်းပူဆွေးမှုများဖြင့် ဖြတ်သန်းနေရ

အစ္စရေးနိုင်ငံ Tel Aviv မြို့အနီးရှိ Kfar Chabad ရွာတွင် ဒုံးကျည် တိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ လုပ်ငန်းလုပ်ဆောင်နေသည့် ကယ်ဆယ်ရေးသမားများကို အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ/ဂျေရုဆလမ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၇ ရက်သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန်ဖြစ်ပွားခြင်း တစ်နှစ်ပြည့်သောနေ့ဖြစ်သည်။ တိုက်ခိုက်မှုများနှင့် ဝမ်းနည်းပူဆွေးမှုများကြားတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့ နာကျင်စွာ ဖြတ်သန်းခဲ့ရသော ရက်တစ်ရက်လည်းဖြစ်သည်။

ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) လက်အောက်ရှိ လက်နက်ကိုင်အဖွဲ့ခွဲ Al-Qassam Brigades သည် ထိုနေ့တွင်ပင် အစ္စရေးနိုင်ငံ Tel Aviv မြို့ကို ဒုံးကျည်များစွာ ပစ်ခတ်ခဲ့သည်။ ကျည်ဆန်ထိမှန်မှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Magen David Adom က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်း အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် “တုန်လှုပ်ခြောက်ခြားဖွယ် ရာဇ၀တ်မှုများ” ကျူးလွန်ခဲ့ကြောင်း၊ ယင်းက ပါလက်စတိုင်းပြည်သူများ၏ “ခွန်အား၊ ယုံကြည်ချက်နှင့် သန္နိဋ္ဌာန်” ကိုသာ ပို၍ခိုင်မာစေသည်ဟု ဟားမက်စ်က ကြေညာချက်၌ပြောကြားခဲ့သည်။

ထိုနေ့တွင် ပါလက်စတိုင်း ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းရှိ ရာမာလာ နှင့် Nablus စသည့်မြို့များတွင် ရာနှင့်ချီသော ပါလက်စတိုင်းသားများသည် အာရပ်နှင့် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးထားသော အလံများကို ကိုင်ဆောင်ကာ လမ်းမများပေါ်တွင် ချီတက်ခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ရှုတ်ချကာ ပဋိပက္ခအဆုံးသတ်ရေး အစ္စရေးကို နိုင်ငံတကာအသိုင်းအဝိုင်း ဖိအားပေးရန် တိုက်တွန်းခဲ့ကြသည်။

လွန်ခဲ့သည့်တစ်နှစ်က ဟားမက်စ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အစ္စရေးပြည်သူများအား ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် ပြုလုပ်ရန် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနေရာအများအပြား၌ စုဝေးပွဲများ၊ ဆန္ဒပြပွဲများ စသည့် လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ခဲ့သည်။
ထိုနေ့တွင် ဂါဇာကမ်းမြောင်နှင့်ကပ်လျက်ရှိသော အစ္စရေး တောင်ပိုင်းဒေသရှိ ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားသို့ အစ္စရေးနိုင်ငံ သမ္မတ Isaac Herzog တက်ရောက်ခဲ့ပြီး ရရာနည်းလမ်းအားလုံးကို အသုံးပြုပြီး ထိန်းသိမ်းခံထားရသူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း “လိုအပ်သည့် အစီအမံအားလုံးကို မလွှဲမရှောင် အခိုင်အမာ လုပ်ဆောင်သွားပြီး ရန်သူအား အနိုင်တိုက်မည်” ဟု ကတိပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၇ ရက်တွင် အလည်အပတ် ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် နှစ်ဖက်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် “အမေရိကန် အစိုးရ၊ အမေရိကန် ပြည်သူများနဲ့ ၎င်းကိုယ်စားလှယ်တွေရဲ့ ပံ့ပိုးကူညီမှုအောက်မှာ ကျွန်တော်တို့က ခြင်္သေ့တွေလို တိုက်ပွဲဝင်နေတယ်” ဟု ဆိုခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဂါဇာကမ်းမြောင်ဒေသ၌ ကန့်ကွက်ဆန္ဒပြပွဲများ အကြီးအကျယ် ပြုလုပ်ခဲ့ကာ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းခဲ့ကြသည်။ အစ္စရေး၏ လုံခြုံရေးကို အာမခံပေးမည်ဟု အမေရိကန်သမ္မတ ဘိုင်ဒန်က အောက်တိုဘာ ၇ ရက်တွင် ထပ်လောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဂါဇာတွင် ကျူးလွန်ခဲ့သော “လူမျိုးတုန်းသတ်ဖြတ်မှု” အတွက် အစ္စရေးက ပေးဆပ်ရမယ် “၊ “ပါလက်စတိုင်းနဲ့ လက်ဘနွန်မှာ သေဆုံးသွားခဲ့တာ အမျိုးသမီး၊ ကလေးငယ်၊ အပြစ်မဲ့ အရပ်သားတွေက သာမကဘဲ လူသားချင်းစာနာမှုနဲ့ နိုင်ငံတကာစနစ်လည်း ပါတယ်” ဟု တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် ဂါဇာကမ်းမြောင်ဒေသ၌ ထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အစ္စရေးအစိုးရအား တိုက်တွန်းသည့် လူထုစုဝေးပွဲ၌ ပါဝင်ခဲ့သူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
冲突一周年,巴以在袭击和哀悼中度过
新华社加沙/耶路撒冷10月8日电(记者黄泽民 罗晨)10月7日是新一轮巴以冲突一周年。在袭击和哀悼中,巴勒斯坦和以色列度过伤痛一日。
巴勒斯坦伊斯兰抵抗运动(哈马斯)下属武装派别卡桑旅当天向以色列特拉维夫发射多枚火箭弹。以色列急救组织“红色大卫盾”说,两名女性被弹片击中受伤。哈马斯发表声明说,一年来以色列在加沙地带犯下“最令人发指的罪行”,这只会增强巴勒斯坦人民抵抗的“力量、信念和决心”。
同日,在巴勒斯坦约旦河西岸拉姆安拉和纳布卢斯等城市,数百名巴勒斯坦人走上街头,举着写有阿拉伯语和英语的旗子,谴责以色列在加沙地带的军事行动,呼吁国际社会对以色列施加压力,结束冲突。
以色列多地7日举行集会、游行等多种活动,悼念一年前在哈马斯袭击中遇难的以色列民众。以色列总统赫尔佐格当天在毗邻加沙的以南部社区出席一场悼念活动,表示将采取一切手段,将被扣押人员带回家。以色列国防部长加兰特同日发表声明,誓言“坚定不移地采取一切必要措施击败敌人”。
以色列总理内塔尼亚胡7日在会见来访的美国国会参议院两党代表团时说:“在美国政府、美国人民及其代表的支持下,我们像狮子一样战斗。”
过去两天,世界各地纷纷举行大规模示威和抗议活动,呼吁加沙停火。美国总统拜登7日发表声明,重申将“确保以色列的安全”。土耳其总统埃尔多安同日在社交媒体上写道,以色列将为在加沙施行的“种族灭绝”行径付出代价,“在巴勒斯坦和黎巴嫩死去的不仅仅是妇女、儿童、无辜平民,还有人性和国际体系”。
图说1: 10月7日,在以色列特拉维夫附近的哈巴德村,救援人员在火箭弹袭击现场工作。新华社发(吉尔·科恩·马根摄)
图说2:2023年12月2日,人们在以色列特拉维夫参加集会,呼吁以色列政府采取措施让全部被扣押在加沙地带的人员尽快获释。新华社记者 陈君清 摄