Connect with us

Australia / Oceania

တရုတ်နိုင်ငံ၏ ပြည်ပခရီးသွားခြင်းက နယူးဇီလန်နိုင်ငံ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေး

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရှိ Fox Glacier မြို့ အလှရှုခင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
“နယူးဇီလန်နိုင်ငံမှာ 《The Lord of the Rings》ရုပ်ရှင်ထဲက ရိုက်ကွင်းနေရာတွေလို ထူးခြားပြီး ခမ်းနားလှပတဲ့ သဘာဝရှုခင်းနေရာတွေအများကြီးရှိတယ်။ ပြီးတော့ တရုတ်နိုင်ငံနဲ့ ဆန့်ကျင်ဘက်ရာသီဖြစ်ပြီး တစ်မူကွဲပြားတဲ့ပုံစံတွေကြောင့် ကျွန်တော်တို့ သားလေးနဲ့အတူတူ ဒီလိုထူးခြားတဲ့အတွေ့အကြုံ ခံစားချင်ပါတယ်” ဟု နယူးဇီလန်နိုင်ငံသို့ နှစ်ပတ်ကြာ မိသားစုခရီး သွားနေသည့် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ခရီးသွားတစ်ဦးဖြစ်သူ တုန်ပင်းက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း နယူးဇီလန် နိုင်ငံတကာခရီးသွားလုပ်ငန်းသည် တရုတ်နိုင်ငံ အားလပ်ရက်စီးပွားရေးမှ အကျိုးအမြတ်များ ပိုမိုရရှိလာခဲ့သည်။ ယခုနှစ် တရုတ်အမျိုးသားနေ့ ရွှေရောင်ရက်သတ္တပတ်အတွင်း နယူးဇီလန်သည် တရုတ်ခရီးသွားများ၏ လူကြိုက်များသော နေရာတစ်ခု ဖြစ်လာပြန်သည်။
နယူးဇီလန်၏ ကြီးကျယ်ခမ်းနားသော ရှုခင်းများနှင့် ထူးခြားသော ယဉ်ကျေးမှုများသည် ခရီးသွားများအား စုံလင်ကွဲပြားသော အတွေ့အကြုံ အခွင့်အလမ်းများကို ပေးစွမ်းပြီး ဆန့်ကျင်ဘက်ရာသီကာလ ခရီးသွားခြင်းက တရုတ်ခရီးသွားများကို လန်းဆန်းသောစိတ်ခံစားမှုပေးကြောင်း၊ ရွှေရောင်ရက်သတ္တပတ်အတွင်း နယူးဇီလန်သို့လာရောက်သူအရေအတွက်သည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ကျော်လွန်နိုင်ကြောင်း နယူးဇီလန်နိုင်ငံ ခရီးသွားလုပ်ငန်းဗျူရို အာရှဒေသပိုင်း အထွေထွေမန်နေဂျာ Greg Waeferbach က ပြောကြားခဲ့သည်။
ယခုအခါ တရုတ်ခရီးသွားများသည် ထူးခြားသည့်ဒေသအစားအစာများ၊ ထူးခြားသော ရှုခင်းသာနေရာများ၊ ရေခဲတောင်တက်ခြင်း၊ လေထီးခုန်ချခြင်း စသည့်ထူးကဲလှုပ်ရှားမှုများအပါအဝင် အထူးဆွဲဆောင်မှုများနှင့် အတွေ့အကြုံများ၌ ပိုမိုသုံးစွဲကြပြီး ကိုယ်တိုင်ကားမောင်း ခရီးသွားခြင်းများကလည်း အဆက်မပြတ် များပြားလာကြောင်း နယူးဇီလန်တောင်ပိုင်းကျွန်းရှိ ခရီးသွားအော်ပရေတာတစ်ခု၏ တာဝန်ရှိသူ လျောင်ကျင်ရုန်က ပြောကြားခဲ့သည်။
နယူးဇီလန်သည် ၎င်း၏ ကြီးကျယ်ခမ်းနားသော ရေခဲမြစ်များကြောင့် ကျော်ကြားပြီး သွားရောက်ရန်ပိုလွယ်ကူသော Tasman ရေခဲမြစ်ကလည်း ရေခဲတောင်တက်စွန့်စားချင်သော တရုတ်ခရီးသွားအများအပြားကို ဆွဲဆောင်လျက်ရှိသည်။ တုန်ပင်းမိသားစုသည် အောက်တိုဘာ ၇ ရက်က ရေခဲတောင်တက်ခရီးထွက်ခဲ့ပြီး ၎င်း၏ ၅ နှစ် အရွယ်သားလေးကလည်း အလွန်စိတ်လှုပ်ရှားခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် နယူးဇီလန် ခရီးသွားစည်းကားသောရာသီ မဟုတ်သေးသောကြောင့် ဒေသခံများသည် တရုတ်အမျိုးသားနေ့ ရွှေရောင်ရက်သတ္တပတ်အတွင်း ပြည်တွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများအား အလေးထားဆောင်ရွက်ပေးခဲ့သည်။ နယူးဇီလန်၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးနှစ်ခုဖြစ်သည့် အော့ကလန်နှင့် Christchurch တွင် တရုတ်ခရီးသွားများ အဆင်ပြေချောမွေ့စေရန်အတွက် တရုတ်-အင်္ဂလိပ်ဘာသာဖြင့် လမ်းညွှန်ဆိုင်းဘုတ်များ ကပ်ထားခဲ့သည်။
တရုတ်ခရီးသွားများကို ဆွဲဆောင်ရန်အတွက် နယူးဇီလန်တွင် တရုတ်စကားပြော ဧည့်လမ်းညွှန်များသာမက တရုတ်ခရီးသွားများ ရင်းနှီးသော ငွေပေးချေမှုပုံစံများကိုလည်း စီစဉ်ပေးထားသည်ဟု Waeferbach က ပြောကြားခဲ့သည်။ တုန်ပင်းမိသားစုသည် ဒေသတွင်းစူပါမားကတ်များနှင့် အမှတ်တရပစ္စည်းဆိုင်များတွင် ဈေးဝယ်ရာတွင် Alipay ဖြင့်သာ အမြဲငွေပေချေး အသုံးပြုလျက်ရှိသည်။
နယူးဇီလန်ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုမှ ပြန်လည်ကောင်းမွန်လျက်ရှိပြီး နိုင်ငံတကာခရီးသွားများပြန်လည်ဝင်ရောက်လာခြင်းသည် ခရီးသွားလုပ်ငန်း သွားလားစီဆင်းမှုကို ပုံမှန်ပြန်ဖြစ်စေသည်ဟု နယူးဇီလန်ခရီးသွားလုပ်ငန်းဝန်ကြီး Matt Ducey က ပြောကြားခဲ့သည်။
ယခုနှစ် ဇူလိုင်လတွင် တရုတ်ခရီးသွားဝင်ရောက်မှုပမာဏသည် ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ကာလကရှိခဲ့သော အဆင့်၏ ၉၂ ရာခိုင်နှုန်းရှိပြီး သြဂုတ်လ ကနဦးကိန်းဂဏန်းအချက်အလက်များမှာလည်း ၉၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့ကြောင်း နယူးဇီလန်နိုင်ငံ ခရီးသွားလုပ်ငန်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ စက်တင်ဘာလတွင် တရုတ်ခရီးသွားများ ဝင်ရောက်မှုသည် အလားတူအလွန်မြင့်မားမည်ဟု ယုံကြည်ကြောင်း Waeferbach က ပြောကြားခဲ့သည်။
စျေးကွက် ဆက်လက်ချဲ့ထွင်ခြင်း၊ လေကြောင်းချိတ်ဆက်မှုများ အားကောင်းလာခြင်းနှင့် ဗီဇာမူဝါဒများ ကောင်းမွန်အောင်လုပ်ဆောင်ခြင်းတို့ဖြင့် နယူးဇီလန်တွင် တရုတ်ခရီးသွားများ အရှိန်အဟုန်ဖြင့် ပြန်လည်ဝင်ရောက်နိုင်မည်ဟု နယူးဇီလန် China Travel Service ၏ အထွေထွေမန်နေဂျာ လီလွေ့ချင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ကွမ်ကျိုးမှ နယူးဇီလန်သို့ ပျံသန်းသည့် လေယာဉ်များသည် အမြဲတမ်းလိုလို လူပြည့်လေ့ရှိသည်ဟု နယူးဇီလန် ခရီးသွားကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူ ကျန်းရိမင်က ဆိုခဲ့သည်။ တရုတ်ခရီးသွားများကြားတွင် လူငယ်ပိုင်းက မိမိဘာသာလွတ်လွတ်လပ်လပ်လည်ပတ်ကြခြင်း ပိုများ၍ အများစုမှာ ခြေလျင်ခရီးထွက်ခြင်း၊ နှင်းလျှောစီးခြင်း သို့မဟုတ် တောင်တက်ခြင်းကို ရွေးချယ်ကြကြောင်း သိရသည်။
“စီချွမ်း၊ ရှန်ဟိုင်းအသံရှိတဲ့ လူငယ်တော်တော်များများကို Queenstown မြို့ လမ်းတွေမှာတွေ့ရတယ်၊ သူတို့က နှစ်စဉ် အားလပ်ရက်တွေကို အသုံးချပြီး နယူးဇီလန်ကို ခရီးထွက်လာကြတယ်”၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ပြင်ပလှုပ်ရှားမှုသုံးပစ္စည်းအရောင်းဆိုင်နှင့် နှင်းလျှောစီးပစ္စည်းအရောင်းဆိုင်များတွင် အမြောက်အမြားဝယ်ယူမှုများက အခြေခံအားဖြင့် တရုတ်ခရီးသွားများဆီမှ ဖြစ်ကြောင်း ကျန်းရိမင်က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နယူးဇီလန်၌ တရုတ်ခရီးသွားများက နယူးဇီလန်ဒေါ်လာ ၄၉၀ သန်းဖိုး (နယူးဇီလန်တစ်ဒေါ်လာ ခန့်မှန်းခြေ ၄.၃၃ ယွမ်) ဝယ်ယူသုံးစွဲခဲ့ကြောင်း၊ ဩစတေးလျခရီးသွားများ၏ ဝယ်ယူသုံးစွဲမှုတန်ဖိုးပြီးလျှင် ဒုတိယဖြစ်ကြောင်း နယူးဇီလန်စာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် မေလအထိ နယူးဇီလန်သို့ လာရောက်သည့် တရုတ်ခရီးသွား အရေအတွက်သည် ၂၂၆,၄၀၀ ရှိခဲ့ပြီး ပျမ်းမျှ ၁၀ ရက်ကြာ နေထိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

နယူးဇီလန်နိုင်ငံ အော့ကလန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နယူးဇီလန်ဘက်မှ စီစဉ်ကျင်းပသော ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်ခဲ့သော တရုတ်နိုင်ငံမှ ခရီးသွားအဖွဲ့အား ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………..
(Chinese Version)
通讯:中国出境游提振新西兰旅游业
新华社惠灵顿10月8日电(记者卢怀谦 李惠子)“新西兰有很多电影《指环王》外景地那样独特的壮美自然风光,又与中国季节相反,风格迥异,我们想和儿子一起体验特别的经历。”正在新西兰进行为期两周家庭旅游的中国北京游客董冰说。
近年来,新西兰国际旅游业务越来越多地受益于中国假日经济。今年中国国庆黄金周,新西兰再次成为中国游客的热门目的地。
新西兰旅游局亚洲区总经理格雷格·韦费尔巴克说,新西兰的壮丽景观和独特的文化为游客提供了多样化的体验机会,反季节旅游给中国游客带来新鲜感。黄金周期间,新西兰入境人数可能会超过2023年同期。
新西兰南岛一家旅游运营商负责人廖锦荣说,中国游客现在更多在特色美食、特色景点和体验上消费,比如冰川徒步、跳伞等极限活动,且自驾游的占比不断增加。
新西兰以其壮丽的冰川闻名,较易抵达的塔斯曼冰川吸引着众多尝试冰川徒步探险的中国游客。董冰一家7日进行了冰川徒步,5岁的儿子兴奋不已。
由于当前还不是新西兰旅游旺季,当地非常重视中国国庆黄金周期间的入境游客。新西兰奥克兰和克赖斯特彻奇两大国际机场的指示牌都采用中英文对照,以方便中国游客。
韦费尔巴克说,为吸引中国游客,新西兰不仅配备中文导游,还提供中国游客熟悉的支付方式。董冰一家在当地超市和纪念品商店购物就一直用支付宝支付。
新西兰旅游部长马特·杜西表示,新西兰旅游业正从新冠疫情的影响中恢复,国际游客的回归使旅游业流量趋于正常。
新西兰旅游局数据显示,今年7月中国游客抵达量是2019年疫情前峰值水平的92%,8月的初步数据也超过了90%。韦费尔巴克说,相信9月中国游客抵达量同样很高。
新西兰中旅总经理李瑞秦表示,通过持续的市场推广、加强航班连接和优化签证政策,新西兰可能迎来中国游客的加速回归。
新西兰一家旅游公司的负责人姜懿明说,从上海和广州飞往新西兰的飞机经常满员。中国游客中,年轻的自由行游客比例较高,多选择徒步旅行、滑雪或登山。
“在皇后镇街上看到很多带四川和上海口音的年轻人,他们利用年假来新西兰旅游。”姜懿明说,旅游相关的户外店和滑雪装备商店的大额消费基本都来自中国游客。
新西兰统计局数据显示,2024年第一季度,中国游客在新西兰消费达4.9亿新西兰元(1新西兰元约合4.33元人民币),仅次于澳大利亚游客消费额。2023年5月至2024年5月期间抵达新西兰的中国游客达22.64万人次,平均停留时间为10天。
图说1: 这是2020年8月27日拍摄的新西兰南岛的福克斯冰川小镇风光。新华社发(杨柳摄)
图说2:2023年3月3日,在新西兰奥克兰国际机场,来自中国的团队游客参加新方组织的欢迎仪式。新华社记者郭磊摄