Connect with us

Asia

တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှုက လာအို၏ ဆေးဘက်ဆိုင်ရာ အဆင့်အတန်းများကို စဉ်ဆက်မပြတ် မြှင့်တင်ပေး

လာအိုနိုင်ငံ တောင်ပိုင်း လွမ်ပရာဘန်ပြည်နယ်ရှိ လွမ်ပရာဘန်ဆေးရုံအား ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်း၏ မဲခေါင်မြစ်ကမ်းနားတွင် တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော လာအို Mahosot အထွေထွေရောဂါကုဆေးရုံသည် စိမ်းလန်းစိုပြည်သော အပူပိုင်းဒေသသစ်ပင်များကြားတွင် တည်ရှိပြီး ခေတ်မီ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများက လူနာများကို ဆွဲဆောင်လျက်ရှိသည်။
“ဒီဆေးရုံရဲ့ ဆောက်လုပ်မှု လုပ်ငန်းတွေကို ကျွန်မ အမြဲစောင့်ကြည့်နေခဲ့ပြီး ဆေးကုသမှု ခံယူဖို့ ဒီကို နှစ်ကြိမ် ရောက်ခဲ့ပြီးပါပြီ။ ဒီလောက် ခေတ်မီတဲ့ ဆေးရုံတစ်ခု ရှိလို့ ကျွန်မအရမ်း ဂုဏ်ယူမိပါတယ်”၊ “ကျွန်မတို့ အခု ဆေးကုသရေးအတွက် ပိုပြီးလွယ်ကူအဆင်ပြေလို့ တရုတ်နိုင်ငံက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု အသက် ၃၈ နှစ်အရွယ် ဗီယင်ကျန်းမြို့သူ ရှန်းမနီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော လာအို Mahosot အထွေထွေရောဂါကုဆေးရုံသည် တရုတ်နိုင်ငံက လာအိုအတွက် ကူညီတည်ဆောက်ပေးထားသော ပြည်သူ့ဘဝစားဝတ်နေရေးနယ်ပယ်၏ အထင်ကရစီမံကိန်းတစ်ခုဖြစ်သည်။ အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး စီမံကိန်း ပထမအဆင့်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးခဲ့ပြီး အသုံးပြုရန် လာအိုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ လက်ရှိ ဆောက်လုပ်ဆဲဖြစ်သော ပြင်ပလူနာနှင့် အရေးပေါ်ကုသရေး အဆောက်အအုံနှင့် ဆေးဘက်ဆိုင်ရာနည်းပညာအဆောက်အဦစသည့် စီမံကိန်း ဒုတိယအဆင့်မှာ ပြီးစီးလုနီးပါးဖြစ်ကြောင်း၊ တည်ဆောက်မှုပြီးစီးပါက Mahosot အထွေထွေရောဂါကုဆေးရုံသည် လာအိုနိုင်ငံ၏ အကြီးဆုံး၊ ကုသရေးဌာန ဖွဲ့စည်းမှုတွင် အစုံလင်ဆုံးဖြစ်သော အထွေထွေဆေးရုံနှင့် အရေးကြီးသော ဆေးဘက်ဆိုင်ရာ သင်ကြားရေးအခြေခံဌာန ဖြစ်လာမည်ဖြစ်သည်။
တရုတ်နိုင်ငံက လာအိုနိုင်ငံအား ခေတ်မီဆေးရုံများ ကူညီတည်ဆောက်ပေးခြင်း၊ ခေတ်မီဆေးဘက်ဆိုင်ရာ စက်ကိရိယာများ ပံ့ပိုးပေးခြင်း၊ သင်တန်းများ ပြုလုပ်ပေးခြင်းတို့ကြောင့် လာအိုနိုင်ငံ၏ ဆေးဘက်ဆိုင်ရာ အဆင့်အတန်းများ မြင့်တက်လာခဲ့သည်ဟု လာအိုနိုင်ငံကျန်းမာရေးဝန်ကြီး Bounfeng က ပြောကြားခဲ့သည်။
ယခုနှစ် သြဂုတ်လတွင် လာအိုနိုင်ငံမြောက်ပိုင်းရှိ လွမ်ပရာဘန်ပြည်နယ်ရှိ လွမ်ပရာဘန်ဆေးရုံကလည်း သတင်းကောင်း ထွက်ပေါ်လာခဲ့ကာ တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော လာအိုနိုင်ငံ လွမ်ပရာဘန် ဆေးရုံအဆင့်မြှင့်တင်ရေးစီမံကိန်း စတင်အသုံးပြုပြီး လာအိုနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယခုရာစုနှစ်အစတွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်ထားသော ဤဆေးရုံသည် တက်ကြွမှုသစ်ဖြင့် ပြန်လည်အသက်ဝင်နေပြီး လာအိုမြောက်ပိုင်း ဝေးလံခေါင်သီသောဒေသများရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိသည်။
စီမံကိန်းပြီးစီးပြီးနောက် ဆေးရုံ၏ ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲပိုင်း အားလုံး အဆင့်မြှင့်ပြီး ဆေးကုသမှု စွမ်းရည်များလည်း တိုးတက်လာကာ ဒေသခံပြည်သူများအနေဖြင့် ကုသမှုခံယူရန် ဗီယင်ကျန်းမြို့ သို့မဟုတ် ပြည်ပသို့ ခရီးဝေးသွားရောက်ရန် မလိုအပ်တော့ဘဲ ငွေကြေးဝန်ထုပ်ဝန်ပိုးနှင့် ခရီးသွားလာရသည့် ပင်ပန်းနွမ်းနယ်မှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်ဟု လွမ်ပရာဘန်ဆေးရုံမှူး Phouvan Anouanakham က ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းကို လွှဲပြောင်းပေးအပ်ပြီးနောက် ယူနန်ပြည်နယ် ပထမပြည်သူ့ဆေးရုံကြီးက ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို သုံးနှစ်ကြာ နည်းပညာအကူအညီများပေးရန် စေလွှတ်ခဲ့သည်။ ဆေးကုသရေးအဖွဲ့သည် လာအိုဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ ဟာ့ဒ်ဝဲစက်ကိရိယာများကို ချို့ယွင်းမှုရှိမရှိစစ်ဆေးခြင်း ပြီးမြောက်ခဲ့ပြီး ခွဲစိတ်ခန်းနှင့် နှလုံးသွေးကြောဆိုင်ရာဌာန အဆောက်အအုံကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သလို လွမ်ပရာဘန်ဆေးရုံ၏ ထိခိုက်ဒဏ်ရာနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါကုသရေးစွမ်းရည်များကို မြှင့်တင်ပေးခဲ့ကြောင်း ဆေးကုသရေးအဖွဲ့ခေါင်းဆောင် လုဇန့်က ပြောကြားခဲ့သည်။ နောက်တစ်ဆင့်တွင် ဆေးအဖွဲ့သည် ဆေးရုံ၏ စည်းမျဥ်းစည်းကမ်းများအသီးသီးနှင့် စနစ်ကျသော လုပ်ထုံးလုပ်နည်းများကို ပါဝင်ရေးဆွဲပေးပြီး ဆေးဘက်ဆိုင်ရာ သင်တန်းလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဖြစ်သည်။
ဗီယင်ကျန်းမြို့ရှိ လာအိုပြည်သူ့တပ်မတော် အမှတ် ၁၀၃ ဆေးရုံတွင် ထူးခြားသော တရုတ်နိုင်ငံက လာအိုထံ ကူညီပံ့ပိုးသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့တစ်ဖွဲ့ ရှိသည်။ နှစ်ကာလရှည်တစ်လျှောက် ဆေးကုသရေးအဖွဲ့များ တစ်သုတ်ပြီးတစ်သုတ်သည် စေတနာနှင့် ကျွမ်းကျင်မှုဖြင့် လာအိုစစ်သားများ၊ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။
၂၀၁၉ ခုနှစ်မှစတင်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် လာအိုပြည်သူ့တပ်မတော် ၁၀၃ ဆေးရုံသို့ ဆေးအဖွဲ့များကို ဆက်လက်စေလွှတ်ခဲ့ပြီး ဆေးကုသရေး ရရှိစေရေး၊ လက်တွေ့သင်ကြားမှု၊ ပညာရပ်ဖလှယ်မှု၊ လူကြိုက်များသော သိပ္ပံဆိုင်ရာ အသိပညာပေး ဟောပြောပွဲများနှင့် အခမဲ့ လှည့်လည်ဆေးကုသရေး စသည့် လှုပ်ရှားမှုများစတင်ခဲ့ပြီး ၁၀၃ ဆေးရုံအတွက် အရေးကြီး ခက်ခဲသော ခွဲစိတ်မှုများစွာ ကူညီ ဆောင်ရွက်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆေးအဖွဲ့သည် လာအိုနိုင်ငံ၏ ဆေးဘက်ဆိုင်ရာ လူရည်ချွန်များကို ပြုစုပျိုးထောင်ရန် အလေးထားပြီး တစ်ဦးချင်း လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်သော သင်ကြားရေးနည်းကို မေတ္တာအပြည့်ဖြင့် သင်ကြားပေးကာ ဒေသအတွက် “ပြန်ခေါ်သွား၍မရနိုင်သော ဆေးကုသရေးအဖွဲ့” ကို ချန်ထားရန် ကြိုးပမ်းခဲ့သည်။
“တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်တွေက အတွေ့အကြုံကြွယ်ဝပြီး သီအိုရီ၊ လက်တွေ့သင်ကြားမှုတွေနဲ့ ကျွန်တော်တို့ရဲ့ဆေးဘက်ဆိုင်ရာနည်းပညာအဆင့်ကို မြှင့်တင်ပေးခဲ့တယ်။ ပညာရှင်တွေရဲ့ အစွမ်းထက် ဆေးဘက်ဆိုင်ရာနည်းပညာတွေက လူနာတွေရဲ့နာကျင်မှုကို လျော့ကျစေကာ ဆေးကုသဖိုးကိုလည်း သက်သာစေပြီး လူနာတွေရဲ့ တခဲနက်ချီးကျူးမှုတွေရရှိခဲ့တယ်” ဟု ၁၀၃ ဆေးရုံ အစာအိမ်ရောဂါပါရဂူ ဝမ်ခန် က ဆိုခဲ့သည်။
ဆေးအဖွဲ့မှ ရရှိသော ရလဒ်များသည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ခုအကြား ရေရှည်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထင်ဟပ်စေပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရာတွင် မကုန်ခန်းနိုင်သော တွန်းအားကို ဖြည့်တင်းခဲ့သည်ဟု လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကာကွယ်ရေးသံမှူး လီပင်းက ပြောကြားခဲ့သည်။
လာအိုတွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်ထားသော ဆေးရုံများကို တစ်ခုပြီးတစ်ခု အသုံးပြုကာ လာအိုနိုင်ငံသို့ အကူအညီပေးသော တရုတ်ဆေးအဖွဲ့များ တစ်သုတ်ပြီးတစ်သုတ် ဆက်လက်လုပ်ဆောင်နေသောကြောင့် တရုတ်နှင့် လာအိုနိုင်ငံတို့သည် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးနယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေကာ ဒေသခံပြည်သူများကို အကျိုးပြုပြီး တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တွန်းအားပေးရာတွင် အပြုသဘောဆောင်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်။ (Xinhua)

ဗီယင်ကျန်းမြို့ရှိ Mahosot အထွေထွေရောဂါကုဆေးရုံတွင် လုပ်ငန်းဆိုင်ရာ ဖလှယ်မှု လုပ်ဆောင်နေကြသော လာအိုသို့ သွားရောက်အကူအညီပေးသော တရုတ် ကျန်းမာရေးစစ်ဆေးမှုပညာရှင်အဖွဲ့မှ အဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………….
(Chinese Version)
通讯|中老合作推动老挝医疗水平不断提升
新华社万象10月10日电 老挝首都万象湄公河畔,中国援老挝玛霍索综合医院掩映在郁郁葱葱的热带树木之间,现代化的医疗设施吸引不少患者慕名前往。
“我一直关注这家医院的建设进展,已经来就医两次了,能有这么现代化的医院,我感到很骄傲。”38岁的万象市民显玛尼说,“我们现在看病更方便了,感谢中国的帮助!”
中国援老挝玛霍索综合医院是中国为老挝援建的民生领域标志性项目。项目于2018年12月开工,一期工程于2021年11月完工并移交老方使用,目前正在建设的门急诊楼、医技楼等二期工程已接近尾声。完工后,玛霍索综合医院将成为老挝规模最大、科室设置最全的综合性医院和重要的医学教学基地。
老挝卫生部长本丰说,中方帮助老方建设现代化医院、提供先进医疗器材、举办培训班,提高了老挝的医疗水平。
今年8月,位于老挝北部琅勃拉邦省的琅勃拉邦医院也传来好消息,中国援老挝琅勃拉邦医院升级改造项目正式启用并移交老方。这座中国本世纪初援建的医院正焕发新的生机,为老挝北部偏远地区民众提供更优质的医疗服务。
琅勃拉邦医院院长普瓦那·阿努那康表示,项目完成后,医院的软硬件都得到升级,医疗救治能力有了提升,当地民众不必再长途跋涉前往万象或国外寻求治疗,大幅减轻了经济负担和旅途劳顿。
项目移交后,云南省第一人民医院派出医疗队员,开展为期三年的技术援助。医疗队队长陆灿介绍说,医疗队会同老方医务人员完成硬件设备调试,顺利启用外科和心血管科楼,提升了琅勃拉邦医院创伤及心血管疾病救治能力。下一步,医疗队将参与梳理医院各项规章制度和规范流程,并开展医疗培训。
在位于万象的老挝人民军103医院,有一支特殊的中国援老医疗队——中国人民解放军援老挝医疗专家组。多年来,一批批医疗队员以仁心仁术为老挝军民健康保驾护航。
自2019年开始,中国人民解放军持续向老挝人民军103医院派遣医疗队,开展医疗保障、临床带教、学术交流、科普讲座、巡诊义诊等活动,帮助103医院完成多项重大疑难手术。同时,医疗队重视老方医疗人才梯队培养,因材施教、倾情相授,致力于为当地留下一支“带不走的医疗队”。
“中国医疗专家经验丰富,通过理论和实操教学提高了我们的医疗技术水平。专家们精湛的医疗技术减轻了患者病痛,节省了医疗费用,受到患者一致称赞。”103医院消化内科医生万康说。
中国驻老挝大使馆国防武官李兵表示,医疗队取得的成果体现了两国两军长期友好关系,为不断深化全面战略合作伙伴关系注入了不竭动力。
随着中国援建老挝医院陆续投入使用、一批批援老医疗队接续工作,中老不断深化医疗卫生领域务实合作,造福当地民众,为推动构建中老命运共同体作出了积极贡献。(完)
图说1:这是2024年8月16日在老挝北部琅勃拉邦省拍摄的琅勃拉邦医院(无人机照片)。新华社发(凯乔摄)
图说2:2022年4月8日,中国援助老挝医疗检测专家组成员在万象的玛霍索综合医院开展工作交流。新华社发(凯乔摄)