Connect with us

Business

မြန်မာနိုင်ငံတွင် ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၀ ခု ခွင့်ပြု

မြန်မာနိုင်ငံ ရန်ကုန်မြစ်အတွင်း ကုန်တင်သင်္ဘောတစ်စင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၃ သန်း တန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၀ ခု ခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီမံကိန်းများအနက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၇.၇ သန်း၊ စက်မှုကုန်ချောကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၁.၂၂၅ သန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၄ သန်း အသီးသီးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ထုတ်ပြန်ချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
ထို့ပြင် ယင်းကာလအတွင်း စွမ်းအင်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈.၅ သန်း ရှိခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၌မူ ဒေါ်လာ ၁ သန်းအောက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော ရင်းနှီးမြှုပ်နှံမှု၌ စင်ကာပူနိုင်ငံက ဒေါ်လာ ၈၇.၇၄ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကာ ယင်းနောက်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အသီးသီးရှိကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Myanmar approves 30 foreign investment projects in H1
YANGON, Oct. 11 (Xinhua) — The Myanmar Investment Commission (MIC) approved 30 foreign investment projects, totaling 223 million U.S. dollars in the first half of the current fiscal year 2024-25, the state-run newspaper of The Global New Light of Myanmar reported on Friday.
The media report, citing the Directorate of Investment and Company Administration (DICA), said that the transport and communications sector attracted 87.7 million dollars in foreign direct investment (FDI) followed by the manufacturing sector with 81.225 million dollars, and the services sector with 44 million dollars.
The power sector brought in 8.5 million dollars, while the agriculture sector received less than 1 million dollars during this period, it added.
Singapore was the leading investor in Myanmar with 87.74 million dollars in the first half of the fiscal year, followed by Thailand and China, it said.
Photo: A cargo ship is seen on the Yangon River in Yangon, Myanmar, Feb. 20, 2023. (Photo by Myo Kyaw Soe/ Xinhua)